Main menu
HOT NEWS
adv

အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာ ကုန်သွယ်မှု လမ်းကြောင်း ပြန်လည် ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၁

လေးလကျော်ကြာ ပိတ်ထားခဲ့သည့် အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာ ကုန်သွယ်မှုလမ်းကြောင်း ယနေ့ မတ် ၂ဝ မှစတင်ကာ ပြန်လည်ဖွင့်ခဲ့ကြောင်း ကလေး-တမူး-ကလေးဝနယ်စပ် ကုန်သည်များအသင်းမှသိရသည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော အိန္ဒိယ လူမျိုးချင်း လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် ယမန်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အဆိုပါ တမူး-မိုး ရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်းအား ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

Read more...

ကုလသမဂ္ဂက ထုတ်ပြန်သော ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းတွင် အဆင့် (၁၁၄) ၌ မြန်မာ ရပ်တည်

ရန်ကုန်၊ မတ် ၂၁

မတ် ၂ဝ ရက်တွင်ကျရောက်သော နိုင်ငံတကာပျော်ရွှင်မှုနေ့တွင် ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ခုက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အဆင့် (၁၁၄) ၌ ရပ်တည်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရသိရသည်။ World Happiness Report 2017 ဟု အမည်ပေးထားသော အစီရင်ခံစာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနည်းလမ်းများ ကွန်ရက်အဖွဲ့(SDSN) က နိုင်ငံပေါင်း ၁၅၅ နိုင်ငံအား လေ့လာဆန်းစစ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read more...

ကိုရီးယား အလုပ်အတွက် ဝင်ခွင့် လျှောက်လွှာဝယ်သူ အထူးများပြား၊ အလုအယက် ဝယ်ယူရာမှ ခိုက်ရန်ဖြစ်ပွားသဖြင့် လုံခြုံရေးယူခဲ့ရ

ရန်ကုန်၊ မတ် ၂၁

ကိုရီးယားသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူများပြားသဖြင့် ဝင်ခွင့်လျှောက်လွှာ ဖောင် စတင်ရောင်းချသည့်နေ့တွင်ပင် အလုအယက်ဝယ်ယူကြရာမှ ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် သက်ဆိုင်ရာမှ လုံခြုံရေးယူပေးထားရကြောင်းသိရသည်။ ဖြစ်စဉ်မှာ မတ် ၂ဝ ရက်မှ ၂၄ ရက်အထိ မြောက်ဒဂုံပင်လုံသင်တန်း ကျောင်းတွင် ကိုရီးယားနိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် မြန်မာအစိုးရနှင့် ကိုရီးယားအ စိုးရတို့မှစစ်ဆေးမည့် EPS  စာမေး ပွဲဝင်ရောက်ဖြေဆိုခွင့် လျှောက်လွှာ ရောင်းချခဲ့ကြောင်း သိရသည်။

Read more...

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်

မုံရွာ

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အား ရွေးချယ်မဲပေးရမည့် မုံရွာ မြို့နယ်တွင် ကြိုတင်မဲများကို မတ် ၂၂ ရက်မှ ၃၁ ရက်အထိ နံနက် ၈ နာရီမှ ည ၆ နာရီ အတွင်း မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် မဲပေး နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

Read more...

ဖြူးမြို့နယ် အမြန်လမ်းမကြီးတွင် တရားမဝင် ပျဉ်းကတိုး သစ်များ ကားနှင့်အတူ ဖမ်းဆီးရမိ

ဖြူး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၇/ဝ)အနီးတွင် မတ် ၁၅ ရက် နံနက် ၁ နာရီခန့်က တရားမဝင် ပျဉ်းကတိုးသစ်များ တင် ဆောင်လာသော ကားတစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616