Main menu
HOT NEWS
adv

ယခုနှစ်မှာ ခရမ်းလွန်ရောင်ခြည် လွန်လွန်ကဲကဲ ဒုက္ခပေးနိုင်မည့် နှစ် မဟုတ်ကြောင်း ဒေါက်တာထွန်းလွင် ဆို

ရန်ကုန်၊ မတ် ၁၈

ယခုနှစ်သည် ခရမ်းလွန်ရောင်ခြည် လွန်လွန်ကဲကဲဒုက္ခပေးနိုင်မည့်နှစ်မဟုတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။ နိုင်ငံတစ်ဝန်းရှိ နေရာဒေသအများစုတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်အထိ မြင့်တက်နေသော်လည်း ယခင်နှစ်များထက်လျော့နည်းကြောင်း သိရသည်။

Read more...

မဟာသင်္ကြန်ကာလ တရားဝင် အလုပ်ပိတ်ရက် ငါးရက်ဖြစ်သော်လည်း လုပ်သားများ အဆင်ပြေစေရေး ၁ဝ ရက် ခွင့်ပြုသွားရန် ဝန်ကြီးဌာန ကြေညာချက် ထုတ်

ရန်ကုန်၊ မတ် ၁၈

တရားဝင်အလုပ်ပိတ်ရက်သည် ငါးရက်ဖြစ်သော်လည်း အလုပ်သမားများကြိုတင်စီစဉ်ထားသည့်အစီစဉ်များအတိုင်း အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ယခုနှစ်သင်္ကြန်ရုံးပိတ်ရက်ကို ၁ဝ ရက်အဖြစ်ခွင့်ပြုသွားရန် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မတ် ၁၇ ရက် ရက်စွဲဖြင့်ကြေညာချက်ထုတ် ပြန်ခဲ့ကြောင်းသိရသည်။

Read more...

မြန်မာ့ တတိယအကြီးဆုံး ကျွန်းပင်ကြီးကို တိုင်းထွာတွေ့ရှိဟု ဆို

ကောလင်း

မြန်မာနိုင်ငံအတွင်း တွေ့ရှိခဲ့သည့် ကျွန်းပင်များထဲတွင် တတိယအကြီးဆုံးကျွန်းပင်ကြီးဟု ယူဆရသော ကျွန်းပင်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်း မြို့နယ် မုတ်ဝကြိုးဝိုင်းအတွင်းမှ တွေ့ရှိကြောင်း ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သွား ရောက်တိုင်းထွာစစ်ဆေးမှတ်တမ်းများအရ သိရသည်။

Read more...

သီတဂူဆရာတော်ကြီး သက်တော် (၈ဝ)ပြည့်မွေးနေ့ အထိမ်းအမှတ် သံဃာအပါး ၃ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ တို့အား ဆွမ်းကြီးလောင်း လှူ

စစ်ကိုင်း

သီတဂူ အဓိပတိ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂရုသီတဂူဆရာ တော်ကြီး၏ မွေးနေ့ဖြစ်သည့် မတ် ၁၂ ရက် (တပေါင်းလပြည့်နေ့)၌ စစ်ကိုင်းတောင်ရိုးမှ ပင့်သံဃာအပါး ၁ဝဝဝ တို့အား သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဆွမ်းကြီးလောင်းလှူခဲ့ကြောင်း သိရသည်။ ဆွမ်းကြီးလောင်းလှူပွဲကို နံနက် ၇ နာရီမှ စတင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဆွမ်းလောင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ သီတဂူအကျိုးတော် ဆောင်အဖွဲ့များ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ စသောနိုင်ငံများမှ အလှူရှင်များ၊ ဆရာတော်ကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ဆွမ်းသပိတ်၊ သင်္ကန်း၊ ဆေး၊ ဆန်၊ အခြားလှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။

Read more...

အင်းဝဒေသရှိ မြင်းလှည်းသမား အချို့၏ မဆင်မခြင် မောင်းနှင်မှုကြောင့် ခရီးသွားများလည်ပတ်ရန် စိုးရိမ်မှုများ ရှိနေဟုဆို

ရန်ကုန်

အင်းဝဒေသရှိ မြင်းလှည်းသမားအချို့သည် ခရီးသည်များကို လိုက်လံပို့ဆောင်ရာ၌ မြင်းလှည်းကို မဆင်မခြင်မောင်းနှင်သဖြင့် ခရီးသွားများ ထိခိုက်ပွန်းပဲ့ခြင်းများ မကြာခဏဖြစ်ပေါ်ခြင်းများရှိနေကာ ယခုအခါတွင် နိုင်ငံခြားခရီးသည်များအနေဖြင့် သွားလာလည်ပတ်ရန် စိုးရိမ်မှုများရှိလာသည်ကို တွေ့ရကြောင်း မန္တလေးမြို့တွင်းရှိ ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။ 

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616