Main menu
HOT NEWS
adv

မဟာဒဿန (ပညာရေးဘွဲ့) ရရှိထားသည့် ပညာရေး ဝန်ထမ်းများ စစ်ကိုင်းပညာရေးတက္ကသိုလ် (M.Ed) သင်တန်း တိုက်ရိုက် တက်ခွင့်ရမည်

စစ်ကိုင်း၊ မတ် ၂၉

စစ်ကိုင်းပညာရေးတက္ကသိုလ်မှခေါ်ယူသော မဟာပညာရေးဘွဲ့ (M.Ed)သင်တန်းကို မဟာဒဿန(ပညာရေးဘွဲ့) ရရှိပြီး ပညာရေးဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းဖြစ်ပါက ဝင်ခွင့်စာမေး ပွဲဖြေဆိုရန်မလိုအပ်ပဲ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Read more...

အင်းစိန် G.T.I တွင် လျှပ်စစ်သင်တန်း ဖွင့်မည်

ရန်ကုန်၊ မတ် ၂၉

A.G.T.I Society နှင့် ဂျပန်နိုင်ငံမှ Kinden Corp; Sumitomo Corp တို့ ပူးပေါင်း ဖွင့်လှစ်မည့် လျှပ်စစ်သင်တန်းများ ကို သမိုင်းဝင် အင်းစိန် G.T.I တွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်း A.G.T.I Society နှင့် ဂျပန်နိုင်ငံမှ Kinden Corp; Sumitomo Corp တို့ ပူးပေါင်းပြီး ၂ဝ၁၇ ခုနှစ်အတွင်း သင်တန်းအမှတ်စဉ် (၅)အဖြစ် Commercial Electrical Wiring Course အယောက် ၃ဝ နှင့် Electrical Power Distribution Line Course ၁ဝ ဦးတို့ကို ခေါ်ယူပြီး သမိုင်းဝင်အင်းစိန်ဂျီတီအိုင်တွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း A.G.T.I Society မှ သိရသည်။

Read more...

ကျိုင်းလပ်မြို့ ၂၄ နာရီ လျှပ်စစ်မီး ရတော့မည်

ကျိုင်းလပ်၊ မတ် ၂၈

မြန်မာ-လာအိုနယ်စပ်ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့နယ်အတွင်းရှိ ရပ်ကွက်များ ၂၄ နာရီလျှပ်စစ်မီးရရှိ ရေးအတွက် လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်စက်ဖွင့်ပွဲအခမ်းအနားကို မတ် ၂၆ ရက် နံနက် ၉ နာရီက ကျိုင်းလပ်မြို့ အမှတ်(၃) ရပ်ကွက်ရှိ မြန်မာ- လာအိုချစ်ကြည်ရေးတံတားအနီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

Read more...

၄၈ နှစ် ကြာခဲ့ပြီဖြစ်သော တော်လှန်ကဗျာ ဒုတိယအကြိမ် ထုတ်ဝေ

ရန်ကုန်၊ မတ် ၂၈

ကဗျာဆရာ မောင်စိမ်းနီ၏ ဆန္ဒအရ 'တော်လှန်ကဗျာ' စာအုပ် ဒုတိယအကြိမ် ထုတ်ဝေခြင်းကို တော်လှန်ရေးနေ့တွင် ပြုလုပ်ခဲ့သည်။ ကဗျာဆရာ မောင်စိမ်းနီအပါ အဝင်ကဗျာဆရာ ကိုးဦးတို့ ရေးစပ်ထားသော 'တော်လှန်ကဗျာ' အမည်ရှိကဗျာစာအုပ်အား ဒုတိယအကြိမ် ပုံနှိပ် ထုတ်ဝေခြင်း အခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ Pansodan Scene  Gallery တွင် ပြုလုပ်ခဲ့သည်။

Read more...

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ မဆလခေတ်နှင့် နဝတခေတ် တပ်မတော် ခေါင်းဆောင်များနှင့် တွ့ဆုံခဲ့ဟု သတင်းထွက်ပေါ်

ရန်ကုန်၊ မတ် ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မတ် ၂၇ ရက် (တပ်မတော်နေ့) တွင် နေပြည်တော်ရှိနေအိမ်၌ ယခင်မဆလခေတ်နှင့် နဝတခေတ်လက်ထက် တပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ''ဒီနေ့တွေ့ တာ ဟုတ်ပါတယ်။ ဦးသန်းရွှေကိုလည်း ကျန်းကျန်းမာမာနဲ့ တွေ့ရပါတယ်။ သူ့ရဲ့အိမ်တော် မှာတွေ့ဆုံခဲ့တာပါ။ ဘာတွေဆွေးနွေး ပြောဆိုခဲ့လဲဆိုတာတော့ မသိပါဘူး'' ဟု တပ်မတော်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616