ရန်ကုန်

 

မင်္ဂလာဈေးကြီး တည်ဆောက်ရေးအပိုင်းအား နိုဝင်ဘာ ၁ ရက်တွင် ပန္နက်ရိုက်ကာ လုပ်ငန်းစတင်သွားမည်ဖြစ်ကြောင်း မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ထံမှသိရသည်။ အဆိုပါ အသစ်တည်ဆောက်မည့် မင်္ဂလာဈေးကြီးအတွက် ဒီဇိုင်းတင်ဒါရွေးချယ်မှုအပိုင်း ပြီးစီးခဲ့သော်လည်း တည်ဆောက်ရေး အပိုင်းနှင့် ပတ်သက်၍ တင်ဒါခေါ်ယူခြင်းကို လက်ရှိကာလအထိ ဆောင်ရွက်ခြင်းမရှိသေး ကြောင်းသိရသည်။ ''အတိအကျမသိသေးဘူး။ နိုဝင်ဘာ ၁ ရက်မှာ ပန္နက်ချမယ်လို့တော့ ပြောထားပေ မယ့် တင်ဒါခေါ်ယူမယ့်ကိစ္စကိုတော့ မသိသေးဘူး။ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ကို လှမ်းမေးကြည့်တာကတော့ ၁ ရက်နေ့မှာ ပန္နက်ချဖြစ်အောင်ချသွားမယ်။ ဆက်ပြီး တော့လဲ တည်ဆောက်မယ့် လုပ်ငန်းတွေကို ဖြစ်အောင်လုပ်သွားမယ်။ ပန္နက်ချပြီးလုပ်ငန်း စတင်သွားမယ်လို့ သိရတယ်''ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြော သည်။

 

ရန်ကုန်

 

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်ခွင့်အား တစ်နှစ်နီးပါး ပိတ်ထားခဲ့ခြင်းကြောင့် Calling ကျပြီးသော်လည်း မသွားသူဦးရေမှာ ထက်ဝက်ကျော်ခန့်ရှိကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှသိရသည်။ မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်ရန် calling Visa ကျပြီး မသွားဖြစ်သူများအတွက် အစားထိုး Cancellation လုပ်ပြီး လုပ်သားအစားထိုး စေလွှတ်ခွင့်အား ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ပုံမှန်အတိုင်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်

 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် မြို့တော်ရှိ လမ်းအချို့တွင် ရေပြတ်တောက်မှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ နေရာတွင် နေထိုင်သူများ အခက်အခဲဖြစ် နေရကြောင်း ပြောဆိုကြသည်။  ယုဇနဥယျာဉ်မြို့တော်တွင် A, B, C  စသည့်ဘလောက်များ ခွဲခြားထားပြီး လျှပ်စစ်မီးနှင့် ရေရရှိသည့်အခြေအနေပေါ် မူတည်ကာ နှစ်ရက်ခြားခန့်စီ အလှည့်ကျ ရေပေးဝေသည့်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့သော် ယခု ၁ဝ ရက်ခန့်အတွင်း ပင်မရေပို့ဆောင်ရာ ညောင်နှစ်ပင်ဌာနမှ ရေ မရရှိခြင်းကြောင့် ရေပြတ်လပ်မှုနှင့် တွေ့ကြုံ နေရကြောင်း ၎င်းတို့၏ပြောဆိုချက်များအရ သိရသည်။

 

ရန်ကုန်၊ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထား ကြပြီး ယနေ့အထိ လုပ်ငန်းများ လုပ်ကိုင်အကောင်အထည်ဖော်ဆောင်ခြင်းမရှိသော နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင်း အတည် ပြုကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၃

 

ထန်းတပင် မြို့နယ်ရှိ အရက်ချက်စက်ရုံအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပိတ်သိမ်းပြီး ကြောင်းပြောကြားသော်လည်း လက်ရှိအခြေအနေတွင် ဆက်လက်ဆောင်ရွက် နေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။ အောက်တိုဘာ ၃ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး၌ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်း ကျော်စံဦးက ''ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအုပ်စုအတွင်း၌ အရက်ချက်စက် ရုံ၏ စိမ်ရည်ဆိုးများထွက်ရှိမှုကြောင့် စပါးပင်များပျက်စီးခြင်း၊ ကြက်၊ ဘဲ၊ ဝက်များသေဆုံးခြင်း၊ ပတ်ဝန်းကျင်ရှိဒေသခံ ပြည်သူများ ကျန်းမာရေးထိခိုက်မှုများရှိ နေပါသောကြောင့် ယင်းစက်ရုံအားဥပဒေ နှင့်အညီ အရေးယူပေးရန်အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့်ပတ်သက်ပြီး နယ်လုံဝန် ကြီး၏ဖြေကြားချက်ကို ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၃

 

ကျောက်တံတားမြို့နယ်တရားရုံးသို့ရုံးထုတ်စဉ် ထွက်ပြေးသွားသည့် အချုပ်သားကို ပြန်လည်ဖမ်းမိပြီ ဖြစ်ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အကျဉ်းထောင်မှ ကျောက်တံတား မြို့နယ်တရားရုံးသို့ တရားရင်ဆိုင် ရန်ရောက်ရှိလာသည့် အချုပ်သား ကျားခြောက်ဦး၊ မတစ်ဦးတို့အား တရားရုံးအချုပ်ခန်းသို့ပို့ဆောင်စဉ် လမ်း၌အချုပ်သားတစ်ဦးဖြစ်သူ ကိုဇော်ဇော်အောင်(၁၉)နှစ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃

 

မှော် ဘီမြို့နယ်ရှိ GOLD IMPERE အိတ်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသူငါးဦးကို နို့တစ်ကြေးပေးခဲ့ ကြောင်းသိရသည်။ ယင်းစက်ရုံမှအလုပ်ရှင်နှင့် အလုပ်ထုတ်ခံရသူတို့အကြား အ ငြင်းပွားမှုကို အောက်တိုဘာ ၂ ရက်တွင် မှော်ဘီမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖျန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းခဲ့ရာ နှစ်ဖက်သဘောတူညီမှုရရှိခဲ့ ကြောင်း မှော်ဘီမြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှသိရသည်။  'ညှိနှိုင်းပွဲမှာ ရှင်းပြလိုက်လို့ အလုပ်ရှင်ဘက်က သဘောတူတယ်။ လာတဲ့သူတွေကို ချက်ချင်း ထုတ်ပေးခဲ့ပါတယ်''ဟု မှော်ဘီမြို့ နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ထွန်း ကပြောသည်။

ကသာ၊ အောက်တိုဘာ ၂

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ၇၂ ရွာအား NEP စီမံကိန်းဖြင့် ဆိုလာမီးများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကသာခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။ ''ကသာခရိုင်အတွင်းမှာလာမယ့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နြဏ စီမံကိန်းနဲ့ ကျေးရွာ ၇၂ ရွာကို တစ်အိမ်သုံး ဆိုလာမီးတွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်''ဟု ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးတိုး ကြည်က ပြောသည်။

Page 7 of 10