Main menu
HOT NEWS
adv

ပုဂ္ဂလိက အလုပ်သမားများအတွက် ယခုနှစ်သင်္ကြန် ၁ဝ ရက် မဖြစ်မနေပေးရမည်၊ ပိတ်ရက်များအတွက် အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းရမည် ဟုဆို

ရန်ကုန်၊ မတ် ၁၄

ပုဂ္ဂလိကအလုပ်သမားများအတွက် ယခုနှစ်သင်္ကြန် ပိတ်ရက်ကို ၁ဝ ရက် မဖြစ်မနေပိတ် ပေးရမည်ဖြစ်ပြီး ယင်းအတွက်လုပ်ငန်းအခြေအနေပေါ်မူတည်ကာ အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

Read more...

ကလေး အလုပ်သမားနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းရှိ စတိုးဆိုင်ပိုင်ရှင်ကို အရေးယူ

ရန်ကုန်၊ မတ် ၁၄

မင်္ဂလာဒုံမြို့နယ်၌ ကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်သူ ဆွေညီနောင်စတိုး ဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး၊ မုံရွာလမ်းရှိဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကလေးငယ်နှစ်ဦးအား ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ် (၄ဝ)နှစ်မှ ညှဉ်းပန်းနှိပ်စက် နေကြောင်း သတင်းအရတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၃ ရက် နံနက် ၃ နာရီက အဆို ပါဆိုင်သို့သွားရောက်စစ်ဆေးခဲ့သည်။

Read more...

သီတဂူဆရာတော်ကြီး သက်တော်(၈၀)ပြည့်မွေးနေ့တွင် သံဃာအပါး ၁၀ဝ၀ တို့အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း၊ မတ် ၁၂

သီတဂူအဓိပတိ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိ ဓဇမဟာရဋ္ဌဂုရုသီတဂူဆရာတော် ကြီး၏မွေးနေ့ဖြစ်သည့် တပေါင်းလ ပြည့်နေ့(မတ် ၁၂ ရက်)တွင် စစ် ကိုင်းတောင်ရိုးမှ ပင့်သံဃာအပါး ၁၀ဝ၀ တို့အား သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွင် ဆွမ်းကြီးလောင်းလှူ ကြောင်း သိရသည်။

Read more...

ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ တိုက်ပွဲကြောင့် ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့များ၌ ပိတ်မိနေသူများကို သွားရောက်ကယ်ဆယ်

လားရှိုး၊ မတ် ၁၂

တိုက်ပွဲများဖြစ် ပွားနေသော လောက်ကိုင်မြို့နှင့်အ နီးတစ်ဝိုက်ကျေးရွာများနှင့် ကြံခင်းများအတွင်း ပိတ်မိနေသော နေရပ် ပြန်ရန် အခက်အခဲရှိသောပြည်သူများအား ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လူမှုကူညီရေးများကူညီစောင့် ရှောက်နေသည့် ပရဟိတလူမှုကူညီ ရေးအသင်းများမှ ချင်းရွှေဟော်လောက်ကိုင်မြို့များ အထိ လူနာတင် ကားများဖြင့် သွားရောက်ခေါ်ဆောင်ကာ လားရှိုးသီရိမင်္ဂလာမန် ဆူရှမ်းကျောင်းအထိ ပို့ဆောင်ပေး ခဲ့ကြကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လားရှိုးလူငယ်လူမှုကူညီရေးအသင်း၊ လားရှိုးသွေးနှင့်လူမှုကူညီရေးအသင်း၊ နယ်စည်းမခြား ပရဟိတ(သီပေါ)အသင်း၊ ရွှေကြေး စည်လူမှုကူညီရေးအသင်း၊ ပေးသော လက်လူမှုကူညီရေးအသင်းတို့မှအသင်းသားများ၊ စေတနာရှင်ကုသိုလ် ရှင်များ၊ လုပ်အားဒါနကူညီသူများ ပါဝင်သော အဖွဲ့များသည် မတ် ၁၀ ရက်တွင် လားရှိုးမြို့မှ တိုက်ပွဲများ ဖြစ်ပွားရာ လောက်ကိုင်မြို့သို့ လူ နာတင်ယာဉ်လေးစီး၊ လားရှိုးအခြေစိုက်ကုမ္ပဏီတစ်ခုမှ ကားကြီးနှစ်စီးတို့ဖြင့် သွားရောက်ခေါ်ဆောင်လာပြီး လားရှိုးသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ပို့ဆောင်ပေး ခဲ့ကြခြင်း ဖြစ်သည်။


အဆိုပါအဖွဲ့သည် ချင်းရွှေ ဟော်နှင့် လောက်ကိုင်မြို့ထဲအထိ သွားရောက်ကာ လောက်ကိုင်မြို့သို့ ကြံခုတ်ရန်ရောက်ရှိနေသော အလုပ် သမားအများစုနှင့် လောက်ကိုင်မြို့ ထဲတွင် ရောက်ရှိနေသော ပြည်သူ များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၏ မိသားစုဝင်များ စုစုပေါင်း အ ယောက် ၈၀ ခန့်အား ခေါ်ထုတ်နိုင်ခဲ့ပြီး ဘေးကင်းလုံခြုံရာသို့ ပေးပို့ နိုင်ခဲ့ခြင်းဖြစ်သည်။

ပိတ်မိနေသော နေရပ်ပြန်ရန် အခက်အခဲတွေ့နေရသည့် ပြည်သူ များကို မြန်မာကိုးကန့်လူမှုကယ် ဆယ်ရေးအသင်း(လောက်ကိုင်)မှ လည်း လောက်ကိုင်မြို့ကို ရောက်ရှိ နေသော ရုပ်ရှင်သရုပ်ဆောင်ဝေဠု ကျော်တို့အဖွဲ့ဖြင့်ပူးပေါင်းကာ ကား များဖြင့် ချင်းရွှေဟော်အထိ သွား ရောက်ပို့ဆောင်ပေးနေသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ခေတ္တခဏခိုလှုံရန်ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူများမှာ မတ် ၇ ရက်မှ မတ် ၁၂ ရက်အထိ ၄၄၄၅ ဦးရှိကာမိမိ နေရပ်များသို့ ပြန်လည်ထွက်ခွာသွားသောဦးရေမှာ ၄၂၅၂ ဦးရှိသွားပြီ။ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို လည်း အခမဲ့စီစဉ်ပေးလျက်ရှိကာ ကျန်းမာရေးဦးစီးဌာန ဒေသန္တရကျန်း မာရေးဦးစီးဌာနမှ မတ် ၈ ရက်မှ မတ် ၁၂ ရက်အထိ အမျိုးသမီးလူ နာ ၁၁၄ ဦး၊ အမျိုးသားလူနာ ၉၇ ဦး စုစုပေါင်း ၂၁၁ ဦးကိုလည်း ကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်၏လမ်းညွှန်မှုဖြင့် အမှတ်(၁၀) စစ်မြေပြင်ဆေးတပ်ရင်း၊တပ်မ တော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မှ အမျိုးသားလူနာ ၄၉ ဦး၊ အမျိုး သမီးနှင့်ကလေးငယ်များ ၉၉ ဦး စု စုပေါင်း ၁၄၈ ဦးတို့ကို ဆေးကုသမှု ပေးခဲ့ကြောင်း သိရှိရသည်။


CYH

#Democracytoday

Read more...

မော်လမြိုင်နှင့် သထုံမြို့တို့ရှိ သမိုင်းဝင်စေတီတော်များအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်

သထုံ၊ မတ် ၁၂

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် သထုံမြို့တို့ရှိ သမိုင်းဝင်စေတီတော်များကို စိန်ဖူး တော်နှင့်ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲများကို မတ် ၁၂ရက် (တ ပေါင်းလပြည့်နေ့) နံနက်က ကျင်းပခဲ့ ပြီး ယင်းမြို့များရှိ တန်ခိုးကြီးဘုရားစေတီများတွင် တပေါင်းလပြည့် နေ့ကောင်းမှုကုသိုလ်ပြုလုပ်သူများ တပေါင်းပွဲဈေးလာဒေသခံများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616