Main menu
HOT NEWS
adv

မူဆယ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ပြိုကျ၊ တစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

မူဆယ်၊ ဇွန် ၂

 ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းပြီး ရေတိုက်စားကာ မြေပြိုမှုကြောင့် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပျက်စီးကာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇွန် ၂ ရက် နံနက် ၇ နာရီက မူဆယ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုံး လမ်းသွယ်အမှတ်(၈)အနီးရှိ သွပ်မိုးထရံကာ လေးခန်းတွဲအိမ်ငှားတန်းလျားတစ်လုံးပေါ် သို့ အုတ်တံတိုင်းပြိုကျခဲ့ရာမှ တစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

Read more...

မင်္ဂလာတောင်ညွန့် ရုန်းရင်း ဆန်ခတ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲခံ သုံးဦး အာမခံလျှောက်ထားမှုကို ပယ်ချ

ရန်ကုန်၊ ဇွန် ၂

မင်္ဂလာတောင် ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သောရုန်း ရင်းဆန်ခတ်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံသုံးဦးမှ အာမခံလျှောက်ထားခဲ့သော်လည်း ပယ်ချခံရကြောင်းသိရသည်။ ဇွန် ၂ ရက်တွင် မင်္ဂလာတောင်ညွန့်တရားရုံး၌ တရားစွဲခံရသူစွပ်စွဲ ခံငါးဦးကိုရုံးထုတ်ခဲ့ပြီး စွပ်စွဲခံ တင်လင်းထိုက်(ခ)လင်းလင်း၊ တင်ဌေးအောင် (ခ)အကြီးကောင်နှင့် မြတ်ဘုန်းမိုရ်တို့ သည် အာမခံလျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။

Read more...

ရန်ကုန်မြို့ ကန်တော်ကြီးတွင် ဘောလုံး ဆင်းဆယ်ရာမှ လူငယ်နှစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ ဇွန် ၂

ရန်ကုန်မြို့ ကန်တော်ကြီးကန်အတွင်း ဘောလုံးဆင်းဆယ်ရာမှ လူငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂ ရက် ညနေ ၅ နာရီ မိနစ်၂ဝ ခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ သစ်ခွကျွန်းအနီးရှိ ကန်တော်ကြီးကန်အတွင်း လူနှစ်ဦးရေနစ်နေကြောင်း သတင်းရရှိသဖြင့် တာမွေမီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီးနှင့် အသက်ကယ်ယာဉ်တစ်စီး၊ စမ်း ချောင်းမီးသတ်စခန်းမှ အသက်ကယ် ယာဉ်တစ်စီးတို့ဖြင့် တာဝန်ရှိသူများက ကယ်ဆယ်ပေးမှုများပြုလုပ်ခဲ့ပြီး ညနေ ၆ နာရီခွဲခန့်တွင် အသက် (၁၇)နှစ်ခန့်ရှိ တာမွေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက် ဒေါ်ရခါးခြံလမ်းနေ ကိုစိုးဝင်းနိုင်၏အလောင်းကို ဆယ်ယူရရှိပြီး ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် အသက် (၁၆)နှစ်ခန့်ရှိ တာမွေမြို့နယ် ရွာလယ်လမ်းနေ ကိုအာကာဝင်း၏အလောင်းကို ထပ်မံဆယ် ယူရရှိခဲ့ကြောင်း၊ သေဆုံးသူနှစ်ဦး၏အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း စမ်း ချောင်းမီးသတ်စခန်းမှ သိရသည်။

Read more...

ဂျပန်သံရုံး အသေးစား စီမံကိန်း ထောက်ပံ့ရေး အစီအစဉ်ဖြင့် အောင်လံမြို့နယ်ရှိ စာသင်ကျောင်းနှစ်ကျောင်း အသစ် တည်ဆောက်ပေးမည်

မကွေး ဇွန် ၁

ဂျပန်သံရုံးအသေးစားစီမံကိန်း ထောက်ပံ့ရေးအစီအစဉ် ဖြင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ရှိ စာသင် ကျောင်းနှစ်ကျောင်းအား အသစ်တည် ဆောက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ''အခုလထဲမှာ ဂျပန်သံရုံး ဆောက်လုပ်မယ့်ကုမ္ပဏီရယ၊် ကျောင်း ကော်မတီတွေရယ် စာချုပ်ချုပ်ဆိုပြီး တစ်လအကြာမှာ စတင် ဆောက်လုပ်သွားမှာဖြစ်ပါတယ်''ဟု အမက (၁) ကျောင်းကော်မတီဝင်တစ်ဦးကပြောသည်။

Read more...

မန္တ​လေးမြို့တွင်​ လျှပ်​စစ်​မီး မကြာခဏ ပြတ်​​တောက်ခြင်းအတွက်​ အရန်​ ဓာတ်​အားလိုင်းများ တိုးချဲ့မည်

မန္တလေး၊ ဇွန် ၂ 

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ပါက အချိန်မီပြန်လည်ပေးပို့နိုင်ရန်  အတွက် အရန်ဓာတ်အားလိုင်းများ လုပ်​​ဆောင်​​သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင်ဆောက်လုပ်​​ရေးဝန်ကြီး ဦးဇာနည်​​အောင်ထံမှ သိရှိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616