ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအနေနှင့် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားထွက်ခွာရန် မလေးရှားအစိုးရမှ ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်ကို မလေးရှားအစိုးရက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ၎င်းနိုင်ငံအတွင်းမှ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားထွက်ခွာရန်နှင့် ဒီဇင်ဘာ ၃၁ ရက် မှစ၍ တရားမဝင်လုပ်သားဖမ်းဆီးမှု စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု မလေးရှားနိုင်ငံအခြေစိုက် ကပုန်းလူမှုကူညီရေးအသင်းမှ ဒီဇင်ဘာ ၁၂ ရက်က သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

တောင်ဥက္ကလာပမြို့နယ်အတွင်း တည်ဆောက်ဆဲ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ဖွင့်ခွင့်မပြုရန် လူအင်အား ၁ဝဝ ဝန်းကျင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်နေ ပြည်သူ ၁ဝဝခန့်သည် ယင်းရပ်ကွက် ပါရမီလမ်းပေါ်တွင် ဖွင့်လှစ်မည့် City Energy  ဓာတ်ဆီဆိုင်ပိတ်သိမ်း ရေးအတွက် ဒီဇင်ဘာ၁၂ရက် နံနက် ၈နာရီမှစတင်ကာ တကောင်း ၁ဝ လမ်းထိပ်စုရပ်မှလူစုပြီး ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

သပြေရိပ်စားဖွယ်စုံဆိုင်အပါအဝင် စား သောက်ဆိုင်သုံးဆိုင်အနေဖြင့် စားသုံးသူများထံ အခွန်အမှတ်တံ ဆိပ်အပြည့်အဝ ကပ်နှိပ်ထားသော ပြေစာများထုတ်ပေးရန် ထပ်မံပျက်ကွက်ပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် တရားစွဲဆိုမည် ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာများကပ်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ကို ယခုလမှစ၍ စီမံချက်ချ၍စစ်ဆေး အရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ အဆောက်အအုံများ၊ ဓာတ်တိုင်များ၊ ခုံးကျော်တံတားများ၏နေရာအချို့တွင် ကြော်ငြာများတပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းနှင့် ရေးဆွဲခြင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်စစ်ဆေးရေးအဖွဲ့က တစ်ပတ်လျှင်နှစ်ကြိမ်ခန့်စီမံချက်ချကာ လိုက်လံစစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ လက်ထောက်ဌာနမှူး ဦးစစ်မင်းဟန်က ဒီမိုကရေစီတူဒေးသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

 

ထောက်ကြန့် လမ်းဆုံအနီးရှိ လမင်းသာ(၂) စား သောက်ဆိုင်တွင် ဆရာတော်တစ်ပါး အရိုက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ရှိချက်များကို မကြာမီ ပြုလုပ်မည့်အစည်းအဝေးတွင် ဆွေး နွေးသွားမည်ဖြစ်ကြောင်း တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီမှသိရသည်။ ကော်မတီအနေဖြင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အ ရေးပေါ်အစည်းအဝေးထိုင်ကာ ဒီဇင်ဘာ ၄ရက်တွင် ကွင်းဆင်းစစ် ဆေးမှုစတင်ခဲ့ပြီး သက်ဆိုင်ရာနယ် မြေမှ တာဝန်ရှိသူများနှင့်လည်းတွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းယွန်း၊ ဒီဇင်ဘာ ၁ဝ

 

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင်ကျ ရောက်သည့် နာဂတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်း မြို့တွင်စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း နာဂရိုးရာစာပေ နှင့်ယဉ်ကျေးမှုကော်မတီမှတာဝန်ရှိတစ်ဦးကပြောကြားသည်။ ယခုနှစ်ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ အစိုးရသစ်လက်ထက်တွင် ဒုတိယအကြိမ် ကျင်းပသည့်ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် နှစ်တိုင်းထက် ရိုးရာယဉ်ကျေးမှု၏အနှစ်သာရကို ပိုမိုဖော်ဆောင်နိုင်မည့် ထူးခြားသည့်အစီအစဉ်များထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

မူဆယ်၊ ဒီဇင်ဘာ ၁၀- ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ်မြို့ လူဝင် မှုကြီးကြပ်ရေး အမှတ် ၇ နန်းတော် စစ်ဆေးရေးဂိတ်တွင် တရုတ်နိုင်ငံ သားငါးဦးအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲ ၂ နာရီက ပြည်နှင်၍လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၀- မြန်မာ နိုင်ငံတွင် လာမည့်ရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်း ပျောက်ကွယ် ကာ မိုးရွာသွန်းမှု လျော့နည်းသွား မည်ဖြစ်ပြီး မြောက်ပြန်လေအေးများ ကြောင့် ရာသီဥတု ပိုအေးလာနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Page 2 of 31