HOT NEWS
Main menu
adv
Others

Others (971)

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီ၊ (၆) ဘာသာဂုဏ်ထူးရှင် ၈၉၃ ဦးထွက်ပေါ် တစ်နိုင်ငံလုံးအောင်ချက် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိ

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ဇယားနှိုင်းယှဉ်ချက်

KKKKKKKKKKKKKKKKKK

 

 

ရန်ကုန်၊ ဇွန် ၁ဝ

၂ဝ၁၆ ခုနှစ် မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ ဇွန် ၁၁ ရက်နေ့မိုးမလင်းမီတွင် စာစစ်ဌာနအသီးသီး၌ ကပ်ထားခဲ့ပြီး ဖြေဆိုထားသော ကျောင်းသား ကျောင်းသူများ လာရောက် ကြည့်ရှုခဲ့ကြသည်။ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူစုစုပေါင်း (၆၃၆၂၃၇)ဦးရှိခဲ့ရာ အောင်မြင်သူ(၁၉ဝ၃၈၈) ဦးရှိခဲ့သဖြင့် အောင် ချက် ရာခိုင်နှုန်းမှာ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

Read more...

တောင်တွင်းကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထွက်ကြည့်ရှုသူများ နှင့်စည်ကား

တောင်တွင်းကြီး ဇွန် ၁၁

မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်၌၂၀၁၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို စာစစ်ဌာနများတွင် ဇွန်လ ၁၁ ရက်နံနက် ၆ နာရီကစတင် ထုတ်ပြန်ပေးထားရာအောင်စာရင်းကြည့်ရှုကြ သည့်  ကျောင်းသားကျောင်းသူများမိဘပြည်သူများနှင့်စည်ကားလျှက်ရှိသည်။

Read more...

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ၁၀ တန်းအောင်စာရင်း ရာခိုင်နှုန်း ၂၉.၉၉ သာရှိ

တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ကြည့်ရှုနေကြသည်ကိုတွေ့ရစဉ် ။ ဓာတ်ပုံ - သန့်လွမ်းဝေချစ်

 

တာင်ငူ၊ ဇွန် ၁၁ ရက်

၂၀၁၆ ခုနှစ်တက္ကသိုလ် ၀င်စာမေးပွဲ အောင်စာရင်းကို ဇွန် (၁၁) ရက်နေ့ တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ဖြေဆိုသူ ၃၂၁၄၄ရှိသည့်အနက် အောင်မြင်သူ ၉၆၄၁ ဦးသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၉.၉၉ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

Read more...

မုံရွာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက် ယမန်နှစ်ထက်လျော့ကျ၊

Photo Caption - ဆယ်တန်းအောင်စာရင်းကြည့်ရှု့နေကြသူများ ကိုတွေ့ရစဉ်။ ဓာတ်ပုံ - KTS

 

 

၂၀၁၅/၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို မြန်မာတနိုင်ငံလုးံအတိုင်းအတာ ဖြင့် ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၏ အောင်ချက် ရာခိုင်နှုန်း မှာ ယမန်နှစ်ထက် အနည်း ငယ်လျော့ကျခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုးံမှသတင်းရရှိသည် ။ မုံရွာမြို့နယ်တွင် ယမန်နှစ် တက္ကသိုလ်ဝင်တန်းကို (၈၀၅၃) ဦး ၀င်ေ၇ာက်ဖြေဆိုရာ အောင်မြင်သူ (၂၉၇၆)ဦး ရှိပြီးအောင်ချက် ရာခိုင်နှုန်း ၃၆ ဒသမ ၉၆ ရှိခဲ့ကြောင်းသိရသည်။

Read more...

အင်းစိန်ဂျီတီအိုင်ကို ပညာရေးဝန်ကြီးဌာနက ပြန်ယူပြီး ကျောင်းဖွင့်ရန် စီစဉ်ဆောင်ရွက်

အင်းစိန်ဂျီတီအိုင်ကျောင်းကို ပညာရေးဝန်ကြီးဌာနက ပြန်လွှဲယူပြီး ကျောင်းပြန်ဖွင့်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇွန်လ  ၁၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အတွင်း ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်ကြောင်း သိရသည်။ 

Read more...

ရန်ကုန်တွင် အမှိုက်သိမ်း စနစ် ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေ ဟု မြို့တော်ဝန် ဆို

ရန်ကုန်၊ ဇွန် ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အမှိုက်သိမ်းစနစ်နှင့်ပတ်သက်ပြီး စနစ်တကျဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးမောင်မောင်စိုးက ပြောသည်။  ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ချက်ထရီယမ်ဟိုတယ်၌ပြုလုပ်သည့် Fourfold Forum on Muni- cipal Solid Waste Management Nin Yang -on City အလုပ်ရုံဆွေး နွေးပွဲတွင် မြို့တော်ဝန်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

Read more...

လက်ပံပြားကျေးရွာ ဘောဒါချောင်းဖြတ် ကွန်ကရစ်တံတား တည်ဆောက်ရေး နောင် ဘဏ္ဍာရေးနှစ်မှသာ ထည့်သွင်းဆောင်ရွက်ပေးမည်

နေပြည်တော်၊ ဇွန် ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ ပေါက်တော-လက်ပံပြားလမ်း ပေါ်မှ ဘောဒါချောင်းတံတားအား ကွန်ကရစ်ချောင်းကူးတံတားအဖြစ် တည်ဆောက်ရန် နောင်ဘဏ္ဍာရေး နှစ်များတွင်သာ ဦးစားပေး အလိုက် စီမံကိန်းလုပ်ငန်းများတွင်ထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။ ''ဘောဒါချောင်းကို ကွန်ကရစ် ချောင်းကူးတံတား တည်ဆောက် မယ်ဆိုရင် ပေ ၁၈ဝ အထက် တံတားအကြီးစားအဖြစ် တည်ဆောက် ရမှာဖြစ်တဲ့အတွက် နောင်ဘဏ္ဍာ ရေးနှစ်တွင် ဦးစားပေးအလိုက် စီမံကိန်းလုပ်ငန်းများမှာ ထည့်သွင်း ဆောင်ရွက်သွားပါမယ်'' ဟု ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြော သည်။

Read more...

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့် အခန်းနှင့် မဟာဗန္ဓုလ ပန်းခြံများသို့ သွားရောက်လေ့လာ

ရန်ကုန်၊ ဇွန် ၉

စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းသည် ဇွန် ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းကို တက် ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သိမ်ဖြူလမ်းဝန်ကြီးများရုံး (အတွင်းဝန်ရုံး)ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်အခန်းနှင့် မဟာဗန္ဓုလပန်းခြံများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ ဗဟန်းမြို့နယ် အမှတ် ၁၂၃ နတ်မောက်လမ်းရှိ စက်မှုလက် မှု အထက်တန်းကျောင်း အမှတ်(၁) စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၉ရက် နံနက် ၉နာရီတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံ ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read more...

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား ၁၁ ဦးအတွက် လျော်ကြေးငွေ ရူပီး သိန်း ၇ဝဝဝ ကျော်ရရှိမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

ရန်ကုန်

အင်ဒိုနီးရှားနိုင်ငံတွင် ခေတ်သစ်ကျွန်ပြုခံရသော မြန်မာရေလုပ်သား ၁၁ဦးအတွက် လျော်ကြေးငွေ ရူပီး သိန်း ပေါင်း ၇၇၃၃ သိန်းရရှိမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြော သည်။ ဇွန် ၇ ရက်တွင်ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်း ဒေသကြီးမဲန္ဒနယ်အမှတ်(၁ဝ)မှ လွှတ် တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ၂ဝဝ၅ခုနှစ်ကရေးဆွဲခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေသည် ၁၁နှစ်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ယနေ့ပြောင်းလဲခဲ့သည့်ခေတ်စနစ်နှင့်အညီ နည်းပညာများနှင့်အညီ ပြန်လည် ရေးဆွဲရန်အစီအစဉ်ရှိ၊ မရှိနှင့် အင်ဒိုနီးရှားရေလုပ်သား ၅ဝဝ ၏ အမှုအခြေ အနေနှင့် ပတ်သက်ပြီး သိလိုသည့်ဆက် စပ်မေးခွန်းအား ဗိုလ်ချုပ်အောင်စိုးက ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

Read more...

စီးနင်းသူဦးရေ သုံးဆခန့် တိုးလာသည့်အတွက် BRT ယာဉ်လိုင်း ယာဉ်စီးရေ တိုးချဲ့မည်

ရန်ကုန်

စီးနင်းသူဦးရေ သုံးဆခန့်တိုး လာသည့်အတွက် BRT ယာဉ်လိုင်း ယာဉ်စီးရေ တိုးချဲ့သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားအများနှင့်သက် ဆိုင်သောကုမ္ပဏီလီမိတက်မှ သိရသည်။ ယခင် ယာဉ်လိုင်းပြေးဆွဲရာ၌ တစ်ရက်လျှင် ခရီးသည်ဦးရေ သုံးထောင်ခန့်သာ ရှိသော်လည်း လက်ရှိအချိန်တွင် တစ်ရက်လျှင်စီးနင်းသူဦးရေတစ်သောင်း ခန့်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် မှ ဒေါက် တာမောင်အောင် က ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS