HOT NEWS
Main menu
adv
Others

Others (968)

ကလေးခရိုင် ရဲတပ်ဖွဲ့ရုံး အိမ်သာအတွင်း ရဲတပ်သား တစ်ဦး ကြိုးဆွဲချ သေဆုံး

ကလေး၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေး ခရိုင်ရဲတပ်ဖွဲ့ရုံး အများသုံးအိမ်သာထဲတွင် ရဲတပ်သားတစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေသည်ကို ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီကျော်ခန့်က ရဲတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

Read more...

ရေးမြို့ အနောက်ဘက် ကပ္ပလီပင်လယ်ပြင် အတွင်း ရေလုပ်သား ခေါင်းဆောင်တစ်ဦး အသတ်ခံရ

ရေး၊ ဇန်နဝါရီ ၃၁

ရေးမြို့နယ် အနောက်ဘက် ကပ္ပလီပင်လယ်ပြင်အတွင်း ကျားဖောင်လုပ်သားတစ်ဦးက ဓားဖြင့်ထိုး၍ ကျားဖောင်ဦးစီး ချုပ်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ရေးမြို့နယ် ရဲစခန်းက သိရသည်။

Read more...

ပန်းဆိုးတန်း တာဝါရှိ ဓာတ်လှေကား အတွင်း ဝန်ထမ်းတစ်ဦး တစ်နာရီကျော်ကြာ ပိတ်မိသဖြင့် ကယ်ဆယ်ခဲ့ရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ကျောက်တံတားမြို့နယ်အတွင်ရှိ Pansodan Business Tower ၏နှစ်လွှာနှင့် သုံးလွှာအကြား ဓာတ်လှေကားအတွင်း၌ အမျိုးသားဝန်ထမ်းတစ်ဦး တစ်နာရီကျော်ကြာ ပိတ်မိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

Read more...

ပုဂံ ရွှေဆံတော် ဘုရားသို့ တက်ရောက်ခြင်းကို ဝင်ကြေး ကောက်ခံသွားမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ပုဂံဘုရား တစ်ဆူဖြစ်သော ရွှေဆံတော်ဘုရား သို့တက်ရောက်ခြင်းကို ဝင်ကြေး ကောက်ခံပြီးခွင့်ပြုသွားရန် စီစဉ် နေကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူးဦး အောင်အောင်ကျော်ကပြောသည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ ဘုရားပုထိုးများပေါ်သို့ တက်ရောက် သူပမာဏ လျော့နည်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ဘုရားပေါ်သို့ တက်ရောက်ရန် ဝင်ကြေးကောက်ခံခြင်းအား လာမည့်ဖေဖော်ဝါရီလ အတွင်း စတင်စမ်းသပ်ဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရသည်။

Read more...

မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တွင် ဖွင့်ဖာက် စစ်ဆေးရန် ကျန်ရှိသည့် ကွန်တိန်နာ ခြောက်လုံးမှ တရားမဝင် သစ်တန်ချိန် ၈ဝ ခန့် ထပ်မံ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ နေအိမ်ဝင်းတစ်ခုတွင် ဇန်နဝါရီ ၂၈ ရက်ကတွေ့ရှိထားပြီး ဖွင့်ဖောက်စစ်ဆေးရန်ကျန်ရှိသည့် ကွန်တိန်နာခြောက်လုံးအား ဇန်နဝါရီ ၂၉ ရက်က ဖွင့်ဖောက်စစ်ဆေးရာတွင် တရားမဝင်သစ်တန်ချိန် ၈ဝ ခန့် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သစ် တောဦးစီးဌာနမှသိရသည်။ သင်္ဘောတင် Line Seal ဖြင့် ပိတ်ထားသော အထက်ပါ ကွန်တိန်နာများအား သစ်တော၊ အကောက်ခွန်၊ ဆိပ်ကမ်းအာဏာပိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပါဝင်သောအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကွန်တိန်နာ ခြောက်လုံးစလုံးတွင် တရား မဝင်ပိတောက်သစ်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းကိုဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင် ရေးဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Read more...

YBS ကားသစ် ၁၂ဝ ဖေဖေါ်ဝါရီ လဆန်း စဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

YBS ကုမ္ပဏီရှစ်ခုမှာယူတင်သွင်းထားသည့် ဘတ်စ်ကား ၁၂ဝ ကို ဖေဖော်ဝါရီလ ဆန်းပိုင်းမှစတင်ကာ ပြေးဆွဲတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။  ယင်းကုမ္ပဏီရှစ်ခုတို့သည် ကိုရီးယားနိုင်ငံမှ ခရီးသည်တင်ဘတ်စ်ကား များကိုမှာယူတင်သွင်းခြင်းဖြစ်ပြီး ဇန်နဝါရီတတိယပတ်အတွင်းကရောက် ရှိခဲ့ခြင်းဖြစ်ပြီး လိုင်းပြေးဆွဲရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နေ ကြောင်း သိရသည်။

Read more...

ရပ်ကျေးကော်မရှင် အဖွဲ့ဝင်နှင့် မဲရုံးမှူးများအတွက် ရွေးကောက်ပွဲ အသိပညာပေး သင်တန်း ဖွင့်မည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကြား ဖြတ်ရွေးကောက်ပွဲအတွက် ရပ် ကျေးကော်မရှင်အဖွဲ့ဝင်နှင့် မဲရုံမှူးများကို ဖေဖော်ဝါရီလလယ်မှ စတင်ကာ ရွေးကောက်ပွဲဆိုင်ရာအ သိပညာပေးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။ ရပ်/ကျေးရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ သင်တန်း ပေးသွားမည်ဖြစ်ပြီး ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတစ်ခုလျှင် နှစ်ဦးနှုန်း တက်ရောက်ရမည်ဖြစ်ကာ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မတ်လလယ်တွင် သင်တန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read more...

တောင်ငူမြို့ မြတောင်ကျောင်းတိုက် အနုကြမ်းစီးသူများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

တောင်ငူ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က (၆)ရပ်ကွက် မြတောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် တစ်ပါးတည်းရှိနေစဉ် တက်aရာက်အနုကြမ်းစီးထွက်ပြေးသွားသည့် လူငယ်နှစ်ဦးစလုံးအား ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read more...

ဆရာမြသန်းစံ၏ စာအုပ်သစ် မိတ်ဆက်ခြင်း အခမ်းအနားပြူလုပ်

ရန်ကုန်

စာရေးဆရာ မြသန်းစံ၏ Facebook  ပေါ်က ဓမ္မရသစာစု များ အတွဲ(၁) စာအုပ်မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်က Asia Fame Media Group တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more...

နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း၏ ရေကာတာ တည်ဆောက်ရေး အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်နှစ်ခုမှ ဆန့်ကျင်

ရန်ကုန်

နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း(ICF)၏ ရေကာ တာတည်ဆောက်ရေး မြှင့်တင်ရန် အစီအစဉ်ကို အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်နှင့် သံလွင်ထိန်းသိမ်းကာ ကွယ်ရေးကွန်ရက်နှစ်ခုမှ ဆန့်ကျင် ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ရန်ကုန်၊ မြစ်ကြီးနားနှင့် လွိုင်ကော်မြို့တို့တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ စတင်ကာ ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သည့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ ရေကာတာတည်ဆောက် ရေးမြှင့်တင်သော အလုပ်ရုံဆွေး နွေးပွဲကို ကျင်းပသွားမည်ဖြစ်သဖြင့် အဆိုပါကွန်ရက်နှစ်ခုမှ ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS