မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်ရှိ အထင်ကရပွဲတော်ကြီးတစ်ခုဖြစ်သည့် မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကျင်းပရန်အတွက် ပွဲ တော်ကျင်းပမည့်နေရာ၌ သောင် ပြုပြင်မှုကို စတင်ဆောင်ရွက်နေ ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှသိရသည်။ ဘုရားပွဲတော်ကြီးကျင်းပရန်အတွက် သောင်ပြုပြင်ရာတွင် နိုဝင်ဘာလဆန်းမှစတင်၍ ဘတ်ဟိုးနှစ်စီး၊ ဖောကားငါးစီးဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ဆည်မြောင်းဝန် ထမ်းများက ဆောင်ရွက်နေခြင်း ဖြစ်သည်။

စစ်တွေ၊ နိုဝင်ဘာ ၁၁

 

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တော ဒေသရှိ ရင့်မှည့်စပါးဧကနှစ် သောင်းကျော်အား ပြည်နယ်အစိုးရက သုံးလနှင့်အပြီးရိတ်သိမ်းပေးနေကြောင်းသိရသည်။ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ ရိတ်သိမ်းခြွေ လှည့်စက်များ အသုံး ပြု ရိတ်သိမ်းပေးနေခြင်းဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၁ဝ

 

နိုင်ငံတကာအဆင့် မီဓာတ်အားစနစ် အချိန်မီဖြစ်ပေါ်လာစေ ရေး ပညာရှင်များဆွေးနွေးပွဲရလဒ်များကို လွှတ်တော်နှင့် ဝန်ကြီးဌာနသို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံအကျိုးပြု နိုင်ငံတကာအဆင့်မီ ဓာတ်အားစနစ်အချိန်မီဖြစ်ပေါ်လာစေ ရေး ဝိုင်းဝန်းကူညီရန်အတွက် မြန်မာနိုင်ငံ လျှပ်စစ်နှင့် အီလက်ထရောနစ်လုပ်ငန်းရှင်များအသင်းကကြီးမှူးကာ နိုဝင်ဘာ ၁ဝ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထွက်လာသည့်ရလဒ်များကို နိုင်ငံတော်အား အထောက်အကူပြု စေရန်အတွက် ယင်းကဲ့သို့တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလျှပ်စစ်နှင့် အီလက် ထရောနစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဇော်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁ဝ

 

ဝိုင်ဘီ အက်စ်- ၃၅ ယာဉ်တစ်စီးဘရိတ် ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၁ဝ စီးဆင့်တိုက်မှု အလုံလမ်းမီးပွိုင့်တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ မြေနီကုန်းဘက်မှ ပြည်လမ်းအတိုင်းမြို့ တွင်းဘက်သို့ မောင်းနှင်လာသည့် ဝိုင်ဘီအက်စ်- ၃၅ ယာဉ်သည် ပြည်-အလုံမီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ မီးပွိုင့်၌စောင့် ဆိုင်းနေသော ယာဉ်များအားတိုက်မိရာမှ ယာဉ်ကိုးစီးဆင့်တိုက်မှု နိုဝင်ဘာ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၀

 

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းတွင် ပြသထားသည့် စက္ကူဆင်ရုပ်တုကြီးကို ကမ္ဘာ့အကြီးဆုံးစက္ကူရုပ်အဖြစ်ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် ကြိုးပမ်းနေကြောင်း WWF-Myanmar မှ ဆက်သွယ်ဆက်ဆံရေးအကြီးတန်းအရာရှိဦးရဲမင်းသွင်က ဒီမိုကရေစီတူဒေးသို့ နိုဝင်ဘာ ၁၀ ရက်တွင် ပြောသည်။အဆိုပါ ရုပ်တုကို အနုပညာရှင်အာကာကျော်ဦးဆောင်သော အဖွဲ့နှင့် ဝါးအရုပ်ရက်လုပ်ကျွမ်းကျင်ပညာရှင်ဦးမြင့် (ရုပ်လုံးကမ္ဘာ)တို့ ဖန်တီးထားခြင်းဖြစ်ကာ ယင်းစက္ကူဆင်ရုပ်၏ အရွယ်အစားသည် အလျား ၂၁ပေ၊ အနံ ရပေ၊ အမြင့် ၂၁ ပေရှိပြီး ပျမ်းမျှအားဖြင့် ၇ ပေမှ ၉ ပေကြား အမြင့်ရှိသည့် သက်ရှိဆင်ထီးတစ်ကောင်၏အရွယ်အစားထက် သုံးဆခန့်ပိုမို ကြီးမားကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၉

 

လက်ကိုင်ဖုန်းဖြင့် အသုံးပြုထားသည့် မီတာယူနစ်ကိုကြည့်ရှုနိုင်သလို လျှပ်စစ်အသုံးပြုခငွေကိုချေနိုင်သည့် Advanced Metering Infrastructure(AMI) စနစ်အား တောင်ဥက္ကလာပနှင့် ရွှေပေါက်ကံမြို့နယ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောသည်။

နေပြည်တော်၊ နိုဝင်ဘာ ၉

 

မီတာခပြင်ဆင်နိုင်ရေးအတွက် ဝန်ဆောင်မှုကောင်းကောင်းဖြည့်ဆည်း ပေးပြီးပြီဆိုမှသာ မီတာခများပြင် ဆင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး မီတာခပြင်ဆင်သည့်အခါ အခြေခံလူတန်းစားမထိခိုက်ဘဲ အသုံးပြုနိုင်သောနှုန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်ဦးစိုးမြင့်က နိုဝင်ဘာ ၉ ရက်က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဒါနန်း (ဗီယက်နမ်) နိုဝင်ဘာ ၉

အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာထရမ် ဒိုင်ကွမ်နှင့် ယနေ့ ညနေ ၆ နာရီတွင် ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံကြသည်။

 

Page 13 of 31