Main menu
HOT NEWS
adv
ချင်းပါတီ(၃)ခုပေါင်းစည်းရေး သဘောတူထားသော်လည်း စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးအဖွဲ့များ တွေ့ဆုံနိုင်ခြင်းမရှိသေး

ချင်းပါတီ(၃)ခုပေါင်းစည်းရေး သဘောတူထားသော်လည်း စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးအဖွဲ့များ တွေ့ဆုံနိုင်ခြင်းမရှိသေး

ကျော်ကျော် (မြစ်မခ) ရန်ကုန်၊ ဧပြီ ၂၀ ရက်။

(၃)လအတွင်း ချင်းပါတီ(၃)ခုပေါင်းစည်းရေး သဘောတူညီထားသော်လည်း လက်ရှိအချိန်အထိ စေ့စပ်ညှိနှိုင်း ရေးကော်မတီမှ ပါတီအတွင်းရေးမှူးအဖွဲ့များ တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း ချင်းတိုးတက်ရေးပါတီမှ သိရသည်။

ချင်းပါတီများ (၃)လအတွင်းပေါင်းစည်းရေးကို ကလေးမြို့၌ မတ် ၂၉ နှင့် ၃၀ ရက်တို့တွင်ပြုလုပ်ခဲ့သည့် ချင်း တိုးတက်ရေးပါတီ၏ ကြားဖြတ်ပါတီညီလာခံတွင် သဘောတူညီခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အတွင်းရေး မှူးအဖွဲ့များ ခရီးလွန်နေခြင်းကြောင့် တွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အဓိကတော့ ရှိရင်းစွဲပါတီဖျက်ပြီး အမည်အသစ်နဲ့သွားဖို့ဆွေးနွေးရင်း အခက်အခဲလေးတွေရှိတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က တစ်ခုတင်ပြလာတာက မဟာမိတ်ပဲဖွဲ့မယ်လို့ ပြောလာတာ။ ကျန်တဲ့ပါတီတွေကတော့ တစ်ပါတီတည်းပေါင်းစည်းရေး သဘောတူကြတယ်။ လောလောဆယ်တော့ ဘယ်တော့လောက် ပြန်တွေ့မယ်ဆိုတာကို မပြောနိုင်သေးဘူး။”ဟု ချင်းတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးရှိုန်းထွန်းက ပြောသည်။

ချင်းပါတီ(၃)ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ(CPP)၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP)နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)တို့ပေါင်းစည်းရေးကို ၂၀၁၆ ခုနှစ်ကတည်းက ဆွေးနွေးလာခဲ့ခြင်းဖြစ်ပြီး တစ်ပါတီတည်း ဖြစ်ပါက ပါတီမူဝါဒပိုင်းဆိုင်ရာများ၊ ပါတီဖျက်သိမ်းရေး၊ ပါတီမှတ်ပုံတင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ရှိတွင် ပေါင်းစည်းရေးအတွက် ရက်သတ်မှတ်ထားခြင်းမရှိသည့်အပြင် တစ်ပါတီဖြစ်ရေးပေါင်းစည်းရန်မှာ တစ်နှစ်ခန့်အချိန်ယူရမည်ဖြစ်ကြောင်း ယင်းပါတီမှဥက္ကဌ ဦးငိုင်ဆော့ခ်က ပြောသည်။

“ကျွန်တော်တို့စဉ်းထားတာက လက်တလောမှာ မဟာမိတ်ပါတီအဖြစ်ပဲလုပ်မယ်။ တစ်ပါတီအဖြစ် ပေါင်းစည်း ရေးကိုတော့ ဆွေးနွေးရဦးမယ်။ နောက်ပြီး နိုင်ငံရေးအခြေအနေကိုသုံးသပ်ချင်လို့ တစ်နှစ်လောက်တော့ အချိန် ယူချင်သေးတယ်။”ဟု ဦးငိုင်ဆော့ခ်က ပြောသည်။

အဆိုပါချင်းပါတီများမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ချင်းမိသားစုနိုင်ငံရေးပါတီများဟု ဖွဲ့စည်းခဲ့ သော်လည်း ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သည့်အပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အနိုင်မရရှိ ခဲ့ကြောင်း သိရသည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616