Main menu
HOT NEWS
adv
မြန်မာနိုင်ငံ အဂတိ လိုက်စားမှု လျှော့ချနိုင်ရန် အချိန်စောင့်ဖို့ လိုအပ်ဟု ဦးဇော်ဌေး ပြော

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု လျှော့ချနိုင်ရန် အချိန်စောင့်ဖို့ လိုအပ်ဟု ဦးဇော်ဌေး ပြော

ရန်ကုန်

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု လျှော့ချနိုင်ရန်နှင့် အနည်းဆုံးဖြစ်လာနိုင်ရန်အတွက် အချိန်စောင့်ရန် လိုအပ်ကြောင်း နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပြောသည်။ ''အချိန်ကိုတော့ စောင့်ရမယ်။ ကျွန်တော်တို့ ဆိုးရွားလာတဲ့အနေအထားကို ပြောင်းပြန် ပြောင်းလဲဖို့ဆိုတာ မလွယ်ဘူးပေါ့။ ဖြည်းဖြည်းချင်းသွားရမှာပေါ့။ အခုလက်ရှိလဲရှိနေတာ ပဲဆိုတာက ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ လုံးဝကင်းစင်သွားအောင် လုပ်နိုင်တာမရှိဘူး။ အနည်းဆုံးဖြစ်အောင် လုပ်နေကြတာ။ အချိန်တော့ နည်းနည်းပေးရမယ်။ မကြာခင်မှာတော့ လျော့နည်းလာမယ်လို့လဲ ယုံကြည်ပါတယ်''ဟု ၎င်းက ပြောသည်။


Transparency International ၏ 2016 Corruption Perceptions Index အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လျော့နည်းလာ ကြောင်း နိုင်ငံတော်သမ္မတရုံးမှသိရသည်။  အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံသည် ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် ၁၃၆ ၌ ရပ်တည်ခဲ့ကြောင်းသိရသည်။ ၂ဝ၁ဝ ပြည့်နှစ်က ၁၇၆၊ ၂ဝ၁၁ ခုနှစ်တွင် ၁၈ဝ ဖြစ်ခဲ့ရာမှ ယင်းအဆင့်သို့ လျော့နည်းရောက်ရှိခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၊ မီဒီယာများ၊ ပြည်သူများနှင့် အခြားသက်ဆိုင်ရာတာဝန်ရှိသူများ ပူး ပေါင်းဆောင်ရွက်မှသာ အဂတိလိုက်စားမှုများ တဖြည်းဖြည်း လျော့ကျလာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။


''မီဒီယာလွှတ်တော် အစရှိတဲ့ နောက်ဆုံးဖေ့စ်ဘွတ်ခ်ကနေ အဂတိလိုက်စားမှုတွေ မှန်တာဖြစ်ရင် တိုင်ကြားစာတွေ Complaine တွေရှိတယ်။ မီဒီယာတွေရှိတယ်။ ပြည်သူလူထုရှိတယ်။ ပြည်သူလူထုကလဲ ဖေ့စ်ဘွတ်ခ်ကနေ ဖွင့်ပြလို့ရတယ်။ အဲဒီလိုမျိုး အပြန်အလှန်ထိန်း ကျောင်းပေးမှု အားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလဲ ဝန်ထမ်းတွေရဲ့ Capacity  လျှော့ချ၊ အဲဒါမှ ပိုမိုကောင်းလာမယ်လို့ ယုံကြည်တယ်။ အခု ရုံးလုပ်ငန်းတွေ လုပ်ပုံလုပ်နည်း တွေကို အဂတိလိုက်စားမှုတွေမဖြစ်အောင် အနည်းဆုံး လျော့နည်းရမယ့်အနေအထားမျိုး တွေ လုပ်ထားတယ်''ဟု ၎င်းက ပြောသည်။ ''ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု လုံးဝ ပပျောက်သွားတဲ့နိုင်ငံဆိုတာမရှိပါဘူး။ အနည်း နဲ့အများရှိနေတတ်ကြတဲ့အထဲမှာ အကောင်းမွန်ဆုံးအခြေအနေကို ဖန်တီးကြရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီကူးပြောင်းပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်ခဲ့တာ အချိန်အားဖြင့် ၁ဝ နှစ်မရှိသေးပါဘူး''ဟု ဦးဇော်ဌေးက ဆက်ပြောသည်။


ယင်းအချိန်ကာလတွင် အခြေအနေအားလုံးကို ပြောင်းလဲရန်မှာ ကြီးမားသည့်လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား ပြုပြင် ပြောင်းလဲရေးအတွက် လူတွေ ပြောင်းလဲလာ ရေး(Capacity Building)၊ စနစ်ပြောင်းလဲ ရေး(System Change)၊ ဖွဲ့စည်းတည်ဆောက်မှု ပြောင်းလဲဆန်းသစ်ရေး (Structural Adjustment) တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိအဓိကဆောင်ရွက်နေသည်များမှာ အစိုးရယန္တရားအဆင့်ဆင့် ပွင့်လင်းလာ ရေး (Initiating the Open Government)  ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲရေး (Regulatory Reform) ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး(Decentralization)၊ နိုင်ငံ့ဝန်ထမ်းများ လုပ်ရည်ကိုင်ရည် မူဘောင်ချမှတ်ရေးနှင့် မြှင့်တင်ရေးအစီအစဉ်၊ (Civil Service Competency Framework and Capacity Building) ကို လုပ်ဆောင်နေကြောင်း သိရသည်။

 

အောင်ဖြိုးဦး

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191