Main menu
HOT NEWS
adv
ဇွန် လကုန်ပိုင်းတွင် NLD ပါတီ  လူငယ်ညီလာခံ  ကျင်းပနိုင်ရန်  ခန့်မှန်းထားဟု  ဦးဥာဏ်ဝင်း ပြော

ဇွန် လကုန်ပိုင်းတွင် NLD ပါတီ လူငယ်ညီလာခံ ကျင်းပနိုင်ရန် ခန့်မှန်းထားဟု ဦးဥာဏ်ဝင်း ပြော

ရန်ကုန်

လာမည့် ဇွန်လကုန်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပနိုင်ရန် ခန့်မှန်းထားသည်ဟု NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။ ''အခုလောလောဆယ်တော့ ပြင်ဆင် နေတုန်းပါ။ ဖော်ဆောင်ရေးကော်မတီ ဖွဲ့ဖို့ ခေါ်ထားတယ်။ အဲဒါပြီးမှလုပ်ဖြစ်မယ်။ အောက်ခြေလူငယ်ကနေ တဖြည်း ဖြည်းရွေးလာပြီး ဗဟိုလူငယ်အထိ ရွေး မှာပါ''ဟု ဦးဉာဏ်ဝင်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ''လွှတ်တော်ကိုလဲ လူငယ် တွေပါသွားတယ်။ တိုင်းနှင့်ပြည်နယ်အလိုက်မှာလဲ နည်းသွားတော့ ဖွဲ့စည်းပုံမှာ ငါးယောက်ရှိရင် လက်ရှိမှာ သုံးယောက် ပဲရှိတော့တာပေါ့။ အဲဒါတွေကို ပြန်ဖော် ဆောင်ဖို့ပါ။ ပြန်ပြီးသွေးသစ်လောင်းတဲ့ သဘောပေါ့''ဟု ပြောသည်။ သို့သော်လည်း လူငယ်ဖော်ဆောင် ရေးလုပ်ငန်းအား ချက်ချင်းအကောင်အထည်ဖော်မည်မဟုတ်ဘဲ အောက်ခြေ ရပ်/ကျေးအဆင့်မှ ဗဟိုအထိ အချိန်ယူ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။


''ဟိုတုန်းက ရပ်/ကျေးအဆင့်ကို လူငယ်ဖွဲ့စည်းပုံမထားဘူး။ အခုကတော့ အောက်ခြေအဆင့်အထိ ဖော်ဆောင်ဖို့ကို ဆွေးနွေးလာနိုင်ပါတယ်။ အောက်ခြေကနေ အပေါ်ကိုတက်မှာပါ။ ဟိုတုန်းက တော့ ဗဟိုတွေ၊ တိုင်းတွေမှာ စဖွဲ့တာဆိုတော့ အောက်ခြေက ပါမလာဘူးလေ။ အဲဒီအားနည်းချက်ကို ပြောင်းပြန်လှန်မယ့်သဘောပါ''ဟု ၎င်းက ဆက်ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင်လက ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အဆိုပါညီလာခံမှ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းခဲ့သည်။

 

စည်သူကျော်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616