Main menu
HOT NEWS
adv
လက်ရှိ အစိုးရ လက်ထက်တွင် ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ တခြားဘာသာကို ဦးစားပေးခြင်းကြောင့် ဆန္ဒပြပွဲတွင် ပါဝင်ရခြင်းဖြစ်ဟု ဘူးလက်လှဆွေပြော

လက်ရှိ အစိုးရ လက်ထက်တွင် ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ တခြားဘာသာကို ဦးစားပေးခြင်းကြောင့် ဆန္ဒပြပွဲတွင် ပါဝင်ရခြင်းဖြစ်ဟု ဘူးလက်လှဆွေပြော

ရန်ကုန်

လက်ရှိအစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာကိုဦးစားမပေးဘဲ တခြားဘာသာကို ဦးစား ပေးခြင်းကြောင့် မေ ၂ဝ ရက်တွင် ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံထားသည့် ဆန္ဒပြပွဲ၌ ပါဝင်ရခြင်းဖြစ်ကြောင်း ပါဝင်ဟောပြောမည့် ဦးလှ ဆွေက ပြောသည်။ ''ဒီအစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာ သာသနာက ဦးစားပေးမခံရ၊ ဘယ်အစိုးရမှ မလုပ်ဖူးတဲ့ ခရစ်ယာန် ဗာတီကန်တိုင်းပြည်နဲ့ သံတမန် ဆက်တယ်။ ဘူးသီးတောင်၊ မောင်တောမှာ ဘယ်တုန်းကမှ ဗလီဆောက်ခွင့်မပြုတာကို အင်ဒိုနီးရှားသမ္မတရဲ့ တွန်းအားပေးမှုကြောင့် ဗလီ ဆောက်ခွင့်ကို ခွင့်ပြုတာတွေက ကျွန်တော်တို့ သာသနာကို ထိခိုက်ညှိုးနွမ်းစေတယ်လို့ မြင် မိတဲ့အတွက် ဆန္ဒပြပွဲမှာ ဟောပြောဖို့ကို လက်ခံရခြင်းဖြစ်တယ်''ဟု ဦးလှဆွေက ဆက်ပြောသည်။


'ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို ဖိနှိပ်မှု'ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ဘောလုံးကွင်း၌ မေ ၂ဝ ရက်တွင် ဆန္ဒပြပွဲပြုလုပ်ရန် ခွင့်ပြချက် တောင်းခံထားသော်လည်း ခွင့်ပြုခြင်း၊ မပြုခြင်းအပေါ် ရန်ကုန်တိုင်းမ်ဂျာနယ်မှ သက်ဆိုင်ရာဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ ယင်းဆန္ဒပြပွဲအတွက် ဦးကျော်မျိုးသက် ဦးဆောင်ကာ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းဟု ခွင့်ပြုမိန့် တောင်းခံလွှာတွင် ပါရှိ ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဖြစ်သူ သူရဦးအောင်ကိုအား ကရင်၊ မွန် ပြည်နယ်များနှင့် ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီးတို့မှ လူပုဂ္ဂိုလ်နှင့် သံဃာအင် အား ၃ဝဝဝဝ ခန့်ပါဝင်မည့် ကန့်ကွက်ဆန္ဒပြ ပွဲတစ်ခုကို အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သော နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်နေသည်ဟု မဇ္ဈိမသတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။


''ကျွန်တော်ကတော့ ဖိတ်လို့သွားဟော ပြောမှာပါ။ အဲဒီအဖွဲ့နဲ့လဲ အဆက်အသွယ်မရှိပါဘူး။ တစ်ယောက်မှ မမြင်ဖူးပါဘူး။ အွန်လိုင်းကနေ ဆက်သွယ်ပြီး ပြောလို့ ဟောပြောပေးဖို့ အတွက် လက်ခံလိုက်တာပါ။ ခွင့်ပြုမိန့် ကျ၊ မကျ တော့ ကျွန်တော်မသိဘူး။ ဒီမိုကရေစီနိုင်ငံ၊ တိုင်း ပြည်ဖြစ်တဲ့အတွက် သူတို့ပေးမယ်လို့တော့ မျှော်လင့်တယ်။ မပေးရင်တော့ ဒီမိုကရေစီတိုင်းပြည် မဟုတ်ဘူးလို့ ပြောရမှာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်လဲ ပြောထားတဲ့ စကားထဲမှာလဲ ကိုယ်မကြိုက်တဲ့ လူရှေ့မှာ တည့်တည့်ပြောရဲတာက သတ္တိပဲလို့ ပြောခဲ့သလိုပဲ ကျွန်တော်လဲ တည့်တည့်ပြောမှာပါ''ဟု ယခင်အမျိုးသားလွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သူ ဦးလှဆွေက ပြောသည်။


ယင်းဆန္ဒပြပွဲတွင် ပါဝင်ရခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေ ၃၆၁ အရ နိုင်ငံတော်မှ ဗုဒ္ဓဘာသာ သာသနာကို ဂုဏ်ထူးဝိသေသနှင့် ပြည့် စုံသောဘာသာဟု သတ်မှတ်ထားသော်လည်း သာသနာရေးဝန်ကြီးဌာန အနေဖြင့် ဗုဒ္ဓဘာသာဘက်တွင် အနည်းငယ် အားပျော့၍ တခြားလူနည်းစုဘာသာအား ဦးစားပေးခြင်း စသည့် အချက်နှင့် ဝန်ကြီးဌာန တစ်ခုအနေဖြင့် မလိုအပ်ဘဲ အယ်ဒီတာတစ်ဦးအား ထောက်ခံပေး ခြင်းသည် ဝန်ကြီးဌာနအနေဖြင့် မဖြစ်သင့်သည့် ကိစ္စရပ်အပေါ် ယင်းဆန္ဒပြပွဲအား လက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဌေးဌေး

#theyangontimes

Rate this item
(2 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616