Main menu
HOT NEWS
adv
ပျက်ကျ လေယာဉ်၏ Black Box နှင့် အမြီးပိုင်းတို့ကို ဆယ်ယူနိုင်၊ လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို ဆက်လက်ဖော်ထုတ်မည်

ပျက်ကျ လေယာဉ်၏ Black Box နှင့် အမြီးပိုင်းတို့ကို ဆယ်ယူနိုင်၊ လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို ဆက်လက်ဖော်ထုတ်မည်

နေပြည်တော်၊ ဇွန် ၁၈

ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင် ရေးလေယာဉ် Y-8  ၏ အမြီးပိုင်း၊ FDR-Flight Data Recorder (Black Box)  နှင့် CVR - Cockpit Voice Recorder တို့ကို ဆယ်ယူနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ပင်လယ်ပြင်အတွင်းပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင် ရေး Y-8  လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင်တွေ့ရှိခဲ့သည့် လေ ယာဉ်အမှတ်၊ ၅၈၂ဝ အမှတ်အသား ပါလေယာဉ်အမြီးပိုင်းနေရာပတ်ဝန်းကျင်တွင် အပိုင်းအစအချို့အား တွေ့ရှိပြီး ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ဆယ်ယူ နိုင်ခဲ့ခြင်းဖြစ်ကာ လေယာဉ်အမြီး ပိုင်းအား လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရေ ယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့ ကြောင်းသိရသည်။

အဆိုပါလေယာဉ်အမြီးပိုင်းတွင် FDR-Flight Data Recorder (Black Box)  နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့်အကြောင်း အရင်းအားဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ် စစ်သည်များပူးပေါင်း၍ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း တစ်လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်းရုပ် အလောင်း ၉၂ လောင်း ရှာဖွေတွေ့ ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616