Main menu
HOT NEWS
adv
လက်ပံတောင်း ဒေသခံများမှ စီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုချက် သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်

လက်ပံတောင်း ဒေသခံများမှ စီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုချက် သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်

ဆားလင်းကြီး

စစ်ကိုင်းတိုင်းဒေ ကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် စီမံ ကိန်းအား ဒေသခံများက တောင်းဆိုချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော် သွားကြောင်း သိရသည်။ ''လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး''  'ရွှေလှေတံတားကြီးမှ အက်စစ်နှင့် ညစ်ညမ်းရည် စွန့်ထုတ်နေမှု ဖျက် သိမ်းရေး'နှင့် 'စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာကို လေးစားလိုက်နာမှုမရှိ ချိုးဖောက်နေသော စီမံကိန်းဖျက်သိမ်းရေး' စတဲ့အချက် သုံးချက်ဖြင့် ဇူလိုင် ၁၅ရက် နံနက် ၉ နာရီမှ ၁၁ နာရီ ခန့်အထိ လက် ပံတောင်းဒေသ ဆားလင်းကြီးမြို့နယ် တုံရွာမှ ရွှေလှေရွာအထိ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။


''ကျွန်မတို့ တုံဇရပ်ကနေ ရွှေလှေတံတားကြီးအထိ မနက် ၉ နာရီကနေ ၁ဝနာရီခွဲအထိ ဆန္ဒပြ ကြတာပါ။ အချက်သုံးချက်နဲ့ပေါ့။ 'လူသတ်မြေသိမ်းစီမံကိန်း ဖျက်သိမ်း ရေး' 'ရွှေလှေတံတားကြီးမှ အက် စစ်နှင့်ညစ်ညမ်းရည် စွန့်ထုတ်နေမှု ဖျက်သိမ်းရေး'နဲ့ 'စုံစမ်းစစ်ဆေး ရေးကော်မရှင် အစီရင်ခံစာကို လေး စားလိုက်နာမှုမရှိ ချိုးဖောက်နေ သောစီမံကိန်း ဖျက်သိမ်းရေး'ဆိုတဲ့ အချက်တွေပါပဲ။ ''ကျွန်မတို့ ဒေသမှာ ၂ဝ၁၅ တစ်ကြိမ် ၂ဝ၁၇မှာ တစ် ကြိမ် ရေးကြီးတာ ကြုံတွေ့ရတာပါ အရင်က မဖြစ်ဖူးပါဘူး။ အခုလိုဖြစ်ရတာ သူတို့ကြေးနီစီမံကိန်းဘက်ကို ရေမဝင်အောင် ရွှေလှေတံတား ကြီးကနေ ထန်းပင်တစ်ရပ်ကျော် လောက်ရှိတဲ့ တာပေါင်ကြီးတွေ ကာလိုက်တော့ ကျွန်မတို့ ဒေသဘက်တွေ ရေနစ်မြုပ်တော့တာပါ ပဲ''ဟု ဆန္ဒပြတဲ့အဖွဲ့မှာ ကိုယ်တိုင် ပါဝင်သူ ဒေါ်စန်းနွဲ့က ပြောသည်။


''ကျွန်မတို့ ဒေသကို ပစ်မထားကြပါနဲ့ဦး။ ကျွန်မတို့ အိမ်မှာဆို လူတစ်ရပ်တောင်မမီ အောင် ရေနစ်မြုပ်နေပါပြီ။ ရေ တွင်းတွေလဲ ရေကြီးနစ်မြုပ်တဲ့ အထဲပါသွားတော့ သောက်ရေလဲ အခက်အခဲရှိသလို စားဖို့ရာအစား အစာလဲ ခက်ခဲနေပါပြီ''ဟု ¤င်းက ဆင်လက် ပြောကြားခဲ့သည်။ တုံရွာမှ မစန္ဒာ၊မမာချို ဆည်တည်းရွာဟောင်းမှ မရီဝင်း တို့ဦးဆောင်ပြီး အင်အား ၅ဝ ခန့် ပါပြီး တုံရွာထိပ်မှ ဆားလင်းကြီး-ညောင်ပင်းကြီးသွား ကားလမ်း ရွှေလှေရွာတံတားထိပ်အထိ နံနက် ၉ နာရီမှ ၁၁ နာရီခန့်တွင် ငြိမ်း/ စီခွင့်ပြုချက် တရားဝင်ရယူခြင်းမရှိဘဲ ဆန္ဒပြခဲ့ကြောင်း ယင်းမာပင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

 

စိုးမြစိုး(မုံရွာ)

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191