Main menu
HOT NEWS
adv
မတရားအသင်း ဆက်သွယ်မှု ဥပဒေအား မရုပ်သိမ်းပါက ငြိမ်းချမ်းရေး ဆွေးနွေးနေသူများလည်း ထိုဥပဒေဖြင့် ငြိစွန်းသည်ဟု ဦးသိန်းညွန့် ပြော

မတရားအသင်း ဆက်သွယ်မှု ဥပဒေအား မရုပ်သိမ်းပါက ငြိမ်းချမ်းရေး ဆွေးနွေးနေသူများလည်း ထိုဥပဒေဖြင့် ငြိစွန်းသည်ဟု ဦးသိန်းညွန့် ပြော

ရန်ကုန်

မတရားအသင်း ဆက်သွယ်မှုဥပဒေအား မရုပ်သိမ်းပါက ငြိမ်းချမ်းရေး ဆွေးနွေးနေသူများလည်း ထိုဥပဒေဖြင့် ငြိစွန်းသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးသိန်းညွန့်က ပြောသည်။ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ Orchid Hotel တွင် ''သတင်းစာပညာဥပဒေနဲ့ မညီဘူးလား''ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဒီဗွီဘီဒီဘိတ်အစီအစဉ်၌ ဦးသိန်းညွန့်က ဆွေးနွေးရာတွင် ထိုသို့ပြောသည်။


''မတရားအသင်း ဆက်သွယ်မှုဥပဒေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝ၉ ခုနှစ်က ပြဋ္ဌာန်းထားတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဖွဲ့တွေလဲ ဒီဥပဒေ ရုပ်သိမ်းပြီးမှသာ ငြိမ်းချမ်း ရေး ဆွေးနွေးရမှာပါ။ ဒီလိုမဟုတ်ရင် သူတို့ ငြိတာပဲ''ဟု ဦးသိန်းညွန့်က ပြောသည်။ အဆိုပါဒီဗွီဘီဒီဘိတ်အစီအစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်၊ Pen Myanmar မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ နိုင်ငံခြား သတင်းဌာနတစ်ခုမှ သတင်းထောက် ကိုသီဟသွေးတို့က ဆွေးနွေးခဲ့သည်။


''ဥပဒေကြောင်းအရ အသာစီးယူပြီး လက်ရှိ အာဏာရအဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ပြီးလုပ် နေတဲ့အဖွဲ့တွေကို မတရားအသင်းလို့ ပြောနေတာသည် ဒီမိုကရေစီခေတ်မှာ မရှိသင့်တော့ဘူး''ဟု စာရေး ဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။ လတ်တလော မတရား အသင်း ဆက်သွယ်ရေးဥပဒေ ၁၇/ ၁ ဖြင့် ဒီဗွီဘီသတင်းဌာနမှ သတင်း ထောက်နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးအား ဖမ်းဆီးတရားစွဲဆိုထားသည်။

 

အောင်ထူးနိုင်

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191