Main menu
HOT NEWS
adv
UNFC အဖွဲ့ဝင်များ ငြိမ်းချမ်းရေးခြေလှမ်းကို အပြီးတိုင် လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

UNFC အဖွဲ့ဝင်များ ငြိမ်းချမ်းရေးခြေလှမ်းကို အပြီးတိုင် လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

ရန်ကုန်၊ သြဂုတ် ၁ဝ

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်များ အနေဖြင့် ငြိမ်းချမ်းရေးခြေလှမ်းကို အပြီးတိုင်လှမ်း နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်မရေးထိုးရသေးသော UNFC ၏ ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သတင်းစကားပါးလိုက်ကြောင်း သိရသည်။

 

သြဂုတ် ၁ဝ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်မရေးထိုးသေးသော ညီ ညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့ ဆဋ္ဌမအကြိမ် ငြိမ်းချမ်း ရေးဆွေးနွေးမှုပြုလုပ်ခဲ့ရာ ယင်းသို့သတင်းစကားပါး ခြင်းဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ဝင်းက ''ဒီနေ့နံနက်ပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖုန်းဆက်ပြီးတော့ပြောပါ တယ်။ ဒီကနေ့ြ<ွကရောက်လာတဲ့ ခေါင်းဆောင်များကိုလည်း နှုတ်ဆက် ပါကြောင်း သတင်းစကားပါးလိုက်ပါ တယ်။ သူက ဒီကခေါင်းဆောင်တွေ ဆီကနေပြီးတော့ ငြိမ်းချမ်းရေးခြေ လှမ်းကို အပြီးတိုင်လှမ်းနိုင်လိမ့်မယ် လို့ယုံကြည်နေပါကြောင်း စကားလက် ဆောင်ပါးပါတယ်''ဟု ပြောသည်။

 

၎င်းကဆက်လက်ပြီး ''မကြာခင် စတင်မယ့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံငြိမ်းချမ်းရေးညီ လာခံမှာ ဒီကသူတွေအားလုံးလက်မှတ် ရေးထိုးပြီးတော့ ပါဝင်လိမ့်မယ်လို့လည်း သူက တော်တော်လေးကိုယုံကြည်နေ ပါတယ်''ဟု ထပ်လောင်းပြောသည်။ UNFC အနေဖြင့် အစိုးရထံ တောင်းဆိုချက် ကိုးချက်တင်ပြထား ရာ ယင်းအချက်များသဘောတူပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးမည့် သဘောထားထုတ်ဖော် ထားသည့်အတွက် အဆိုပါကိုးချက် ညှိနှိုင်းနိုင်ရေးကို ငြိမ်းချမ်းရေးကော်မ ရှင်နှင့် UNFC ၏ကိုယ်စားလှယ်အဖွဲ့ တို့ဆွေးနွေးနေကြခြင်းဖြစ်ပြီး ဆွေး နွေးမှုသက်တမ်း တစ်နှစ်ကျော်ကြာ ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ကိုယ်စားလှယ် အဖွဲ့တို့သည် ၂ဝ၁၆ခုနှစ် ဇွန်လမှ စပြီး တရားဝင်ဆွေးနွေးပွဲခြောက် ကြိမ်၊ အကြိုညှိနှိုင်းဆွေးနွေးပွဲ ၁ဝ ကြိမ်ခန့်ပြုလုပ်ထားကြောင်းသိရသည်။


ယခုဆဋ္ဌမအကြိမ် ဆွေးနွေးပွဲ တွင် UNFC ၏ ကိုယ်စားလှယ်အဖွဲ့ မှအဆိုပြုထားသည့် အချက်ကိုးချက် ကို အချောသတ်ဆွေးနွေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။ '' DPN ဘက်က အဆိုပြုထားတဲ့ အချက်ကိုးချက်ဆိုရင် တော်တော်လေး ကိုခရီးရောက်သွားပါပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီကြားထဲမှာလည်း တစ်ဖက်နဲ့ တစ်ဖက်ညီအစ်ကိုရင်းသဖွယ် ငြင်းကြတယ်၊ ခုန်ကြတယ်။မတူတဲ့အမြင်တွေကို ဆွေးနွေးကြတယ်။ တူတဲ့ဟာတွေကိုလည်း ဝမ်း မြောက်စွာနဲ့အတည်ပြုခဲ့ကြပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာလည်း ကျန်ရှိနေ သေးတဲ့အချက်တွေကို အချောသတ် ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်''ဟု ဒေါက်တာတင်မျိုးဝင်းက ထပ်လောင်းပြောသည်။ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ရေးကိုယ်စားလှယ်အဖွဲ့(DPN )ခေါင်း ဆောင်ခူဦးရယ်က မိမိတို့အနေဖြင့် ယနေ့ဆွေးနွေးပွဲသို့ အမြင့်ဆုံးမျှော် လင့်ချက်ထားပြီး လာရောက်ခြင်းဖြစ် ကြောင်း ပြောသည်။


''ဒီတစ်ကြိမ်မှာမှ အခွင့်အရေးအခွင့်အလမ်းကိုမဖန်တီးနိုင်ဘူးဆိုရင် ရှေ့လျှောက်ကြုံတွေ့ရနိုင်တဲ့ ပြဿနာ တွေဟာ ဒီထက်ရှုပ်ထွေးလာနိုင်တယ်လို့ ကျွန်တော်အဲဒီလိုသုံးသပ်မိတယ်။အဓိကအရေးကြီးတာကတော့ ကျွန် တော်တို့တိုင်းပြည်အပေါ်မှာ ကိုယ်စီကိုယ်စီထားရှိတဲ့ စိတ်ရင်းစေတနာ အပေါ်မှာ အများကြီးမူတည်တယ်လို့ယူဆတယ်။ ကျွန်တော်တို့ဟာ အပြောတစ်ခုတည်းနဲ့ လူတွေကိုယုံ ကြည်လာအောင် လုပ်ယူလို့မရဘူး။ မလုံလောက်ဘူးလို့ခံစားရပါတယ်။ ဒါကြောင့် လက်တွေ့လူတိုင်းလူတိုင်းရဲ့ ယုံကြည်မှုကိုရရှိဖို့အတွက် လုပ် ဆောင်မှုနဲ့ပြသဖို့လိုလာပြီ''ဟု ခူဦးရယ်က ပြောသည်။ သြဂုတ် ၄ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးခင်ဇော်ဦး ခေါင်း ဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် DPN အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး မှုပြုလုပ်ထားပြီး ယခုရန်ကုန်မြို့တွင် ပြုလုပ်သည့် တရားဝင်ဆဋ္ဌမအကြိမ် အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်မှဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သောအဖွဲ့ဝင်များနှင့် DPN အဖွဲ့မှခေါင်းဆောင် ခူဦးရယ် ဦးဆောင်သောအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြောင်းသိရသည်။

 

YM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191