Main menu
HOT NEWS
adv
မြန်မာ့ဒီမိုကရေစီ အခွင့်အရေးကို အနုတ် လက္ခဏာဆောင်သည့် ပုံစံဖြင့် သုံးစွဲနေသူများ ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

မြန်မာ့ဒီမိုကရေစီ အခွင့်အရေးကို အနုတ် လက္ခဏာဆောင်သည့် ပုံစံဖြင့် သုံးစွဲနေသူများ ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

နေပြည်တော်၊ သြဂုတ် ၁၁

မြန်မာ့ဒီမိုကရေစီအခွင့်အရေးကို အပေါင်းလက္ခဏာဆောင်သည့်ပုံစံဖြင့် အသုံးပြုနေသူများရှိသလို အနုတ်လက္ခဏာဆောင်သည့်ပုံစံဖြင့် သုံးစွဲနေသူများလည်းရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ “ဒီမိုကရေစီအခွင့်အရေးတွေမှာ အခွင့်အရေးနဲ့ထပ်တူ တာဝန်တွေပါလာမယ်ဆိုတာ ပြောလေ့ရှိတယ်။ ဒီအခွင့် အရေးတွေကိုသုံးတဲ့နေရာမှာ ကျွန်မတို့အစိုးရတာဝန်ယူတဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ တွေ့ရပါတယ်။ တချို့ တွေ ဒီမိုကရေစီအခွင့်အရေးကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ တချို့ကဒီမိုကရေစီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ ပုံစဲနဲ့ သုံးစွဲကြပါတယ်။”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


နေပြည်တော်ရှိ MICC-2 တွင် သြဂုတ် ၁၁ ရက်ကကျင်းပသည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ် ဆွေးနွေးပွဲ(Forum on Myanmar Democratic Transition)တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို ကဏ္ဍအစုံမှတာဝန်ရှိသူများ ပါဝင်ကာ သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီကနေ့ဆွေးနွေးပွဲမှာ မြန်မာ့အခြေအနေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ သတင်းမီဒီယာများအခန်းကဏ္ဍ စသည်ဖြင့် ဘက်စုံထောင့်စုံက ဝေဖန်သုံးသပ်ကြပြီးတဲ့အခါမှာ ဒီမိုကရေစီကူး ပြောင်းမှုဖြစ်စဉ်မှာ ယနေ့မြန်မာနိုင်ငံရောက်ရှိနေတဲ့နေရာနဲ့စပ်လျဉ်းပြီး အများသိသာမြင်သာမယ့် ရှင်းလင်းပီ ပြင်တဲ့ ဘုံကားချပ်တစ်ခုထွက်ပေါ်လာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီအပြင်လည်း ရှေ့ဆက်သွားရမယ့်ခရီး လမ်းနဲ့ ရှေ့မှာကြုံတွေ့ရမယ့်ပြဿနာများကို ဖြေရှင်းကျော်လွှားမယ့်နည်းလမ်းများကိုလည်း အကြံပြုနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။”ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။


မြန်မာနိုင်ငံဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံသပ်ဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌများ၊ ပြည် ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည် နယ်ဝန်ကြီးချုပ်များ၊ သံတမန်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ တက်ရောက်ကြ ကြောင်း သိရသည်။

 

ဝေဖြိုး(မြစ်မခ)
#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191