Main menu
HOT NEWS
adv
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၂

ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာတွင် ညမထွက်ရ အမိန့်ကို သြဂုတ် ၁၁ရက်က ထုတ်ပြန်လိုက် ကြောင်း သိရသည်။  ကျေးရွာ ၁၁ ရွာကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၄ရက်က ရသေ့ တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တရားခံခြောက်ဦးကို အကြမ်းဖက်သူအင်အား ခြောက်ရာကျော်မှ တုတ်၊ ဓား၊ ဂျင်ကလိများဖြင့် တိုက်ခိုက်ပြီး တရားခံများအား လု ယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့သဖြင့် တရားခံနှစ်ဦး လွတ်မြောက်ခဲ့ပြီး နယ်မြေအခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုကဲ့သို့ နံနက် ၅ နာရီမှ ည ၉နာရီအထိ ညမထွက်ရအမိန့်ကို ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ပုဒ်မ ၁၄၄ ထုတ်ပြန်သော ကျေးရွာ ၁၁ရွာမှာဖက်လိပ်ကျေး ရွာအုပ်စု၊ သိမ်တောင်ကျေးရွာ အုပ်စု၊ ချွတ်ပြင်ကျေးရွာအုပ်စု၊ အောက်နန်းရာကျေးရွာ အုပ်စု၊ အထက်နန်းရာကျေးရွာ အုပ်စု၊ စေတီပြင်ကျေးရွာ အုပ်စု၊ အောက် ကျောင်းတောင်ကျေးရွာ အုပ်စု၊ ပေါက်ပင်ရင်းကျေးရွာ အုပ်စု၊ ခွဆုံ ကျေးရွာ အုပ်စု၊ ပနိးဖော်ပြင်ကျေး ရွာအုပ်စုနှင့် ကိုးတန်ကောက်ကျေး ရွာအုပ်စုတို့ ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''ရသေ့တောင် မြို့နယ်က ကျေးရွာ ၁၁ရွာကို လုံခြုံ ရေးအရ လိုအပ်တဲ့အတွက် ညမထွက်ရအမိန့်ထုတ်တာပါ။ လုံခြုံရေးကိုလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု သြဂုတ် ၁၂ ရက်က ပြောကြားသည်။


ယခုထုတ်ပြန်လိုက်သည့် အမိန့် စာအရ ယင်းကျေးရွာ ၁၁ ရွာရှိလမ်းများ၊ လမ်းမကြီး၊ လမ်းဆုံ၊ လမ်းသွယ်၊ အများပြည်သူ အသုံးပြုသည့်လမ်း၊ (သို့) အများပြည်သူနှင့်ဆိုင်သော စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုရားကျောင်း၊ ဗလီစသည့်နေရာ များတွင် လူငါးဦး(သို့) ငါးဦးထက် ပိုသောလူများ စုဝေးခြင်းမပြုရန် ဖော်ပြထားကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ရသေ့ တောင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူတစ်ဦးက ''ဒေသလိုအပ်ချက်အရ အခုလိုထုတ်ပြန်ရတာဖြစ် ပါတယ်'' ဟုပြောကြားခဲ့သည်။  ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် နှင့် မောင်တောမြို့များတွင်လည်း ည မထွက်ရအမိန့်များကို ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

GC.KMZ

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191