Main menu
HOT NEWS
adv
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုအမှု တရားလိုညွှန်မှူးကို စတင်စစ်ဆေး

ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုအမှု တရားလိုညွှန်မှူးကို စတင်စစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကရင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးပြုံးချို အမှုနှင့်ပတ်သက်ပြီး တရားလို ညွှန်ကြားရေးမှူးကို စတင်စစ်ဆေးခဲ့ ကြောင်းသိရသည်။ စက်တင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တွင် ဦးပြုံးချိုအပါအဝင် ငါးဦးကို ဆက်လက်ရုံးထုတ်ခဲ့ပြီး တရားလို ဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။


စွပ်စွဲခံဦးမျိုးခိုင်နှင့် ဦးကျော်နိုင်စိုးတို့၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေဦးချစ်ကို ကိုက''တရားလို ညွှန်ကြားရေးမှူး ဦးစိန်တင်ကို စပြီးတော့စစ်တယ်။ သက်သေခံစာရွက်စာတမ်းတွေ တင်တာတစ်ဝက်လောက်ပဲပြီးသေး တယ်။ ပြန်လှန်မေးဖို့ အဆင့်မ ရောက်သေးဘူး။ တိုင်းဥပဒေ အရာရှိ က မေးတုန်းပဲရှိသေးတယ်။ တရားလိုကတော့ တိုင်စာပါကိစ္စတွေကို အဓိကထားပြောတယ်''ဟု ဒီမိုက ရေစီတူဒေးသို့ ပြောသည်။ ယနေ့ရုံးချိန်းတွင် စွပ်စွဲခံတစ် ဦးဖြစ်သူ ဦးနေမျိုးထွန်း၏ အာမခံ လျှောက်ထားမှုကိုတရားရုံးမှ ပယ်ချခဲ့သည်။ ရုံးချိန်းကို စက်တင်ဘာ ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလို ဦးစိန်တင်ကို ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဦးပြုံးချို၊ ဒုတိယရဲမှူးကြီးကျော် ဇေယျ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးခိုင်၊ ဗိုလ်ကြီးနေ မျိုးထွန်း(ငြိမ်း)နှင့်မြေပိုင်ရှင်ကိုယ် စားလှယ်လွှဲအပ်ခြင်းခံထားရသူ ဦးကျော်နိုင်စိုးတို့ကို ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆/၆၃ ဖြင့် ဇူလိုင် ၂၅ ရက်နေ့ကတရားစွဲထားခြင်း ဖြစ်သည်။


အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၂၇ ဦးတင်ထား ကြောင်းသိရသည်။ အမှုမှာ ကရင်ပြည်နယ်အုပ် ချုပ်ရေးမှူးဦးပြုံးချိုသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအ မြဲတမ်းအတွင်းဝန်တာဝန်ထမ်း ဆောင်ခဲ့သည့် ၂ဝ၁၅ ခုနှစ် ဧပြီ ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရှိမြေကွက်တစ်ကွက်နှင့် ပတ်သက်ပြီး သိန်းထောင်ချီ အဂတိလိုက်စားမှုဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးပြုံးချိုအပါအဝင် ခြောက်ဦးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦး စိန်တင်က တရားလိုပြုလုပ်၌ ဗဟန်း မြို့မရဲစခန်း၌အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆/ ၆၃ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးပြုံးချို၏အမှုတွဲထဲမှ ထွက် ပြေးလွတ်မြောက်နေသည့် ဦးကျော် ရဲသွေးကိုမူ ဖမ်းဆီးရမိခြင်းမရှိ သေးပေ။ 

 

WYHW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191