Main menu
HOT NEWS
adv
ဂျပန်ရောက်မြန်မာများ တိုကျိုရှိ ကုလရုံးရှေ့တွင် အစွန်းရောက် အကြမ်းဖက်မှုများ ဆန့်ကျင် ရှုတ်ချပွဲ အင်အား ၄ဝဝ ကျော်ဖြင့်ပြုလုပ်

ဂျပန်ရောက်မြန်မာများ တိုကျိုရှိ ကုလရုံးရှေ့တွင် အစွန်းရောက် အကြမ်းဖက်မှုများ ဆန့်ကျင် ရှုတ်ချပွဲ အင်အား ၄ဝဝ ကျော်ဖြင့်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၃

ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသားများက လူအင်အား ၄ဝဝ ကျော်ဖြင့် ရခိုင်အရေးနှင့်ပတ်သက်ပြီး အစွန်းရောက်အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုတ်ချသည့် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျို မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ ၁၃ ရက် မြန်မာစံ တော်ချိန် ၁၂ နာရီ မိနစ် ၃ဝ တွင်စတင်ပြီး တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ''ဒီနေ့မြန်မာ့နိုင်ငံအရေး အတွက် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ် သက်လို့ မြန်မာအစိုးရရဲ့ဆောင် ရွက်ချက်လုပ်ငန်းတွေကို ထောက် ခံတဲ့အနေနဲ့ရော၊ ကျွန်တော်တို့ နိုင်ငံရဲ့အကြီးအကဲ ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ရပ်တည်နေတဲ့အကြောင်း၊ ထောက်ခံကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များကို ရှုတ်ချကြောင်းတို့ကိုပြတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ကြတာပါ''ဟု ဂျပန် နိုင်ငံရောက် မြန်မာလူမျိုးတစ်ဦး ဖြစ်သူကိုအောင်မျိုးထွေးက ဒီမို ကရေစီတူဒေးသို့ပြောသည်။


ဆန္ဒဖော်ထုတ်ကြသူများသည် ဆန္ဒထုတ်ဖော်ပွဲအပြီး၌ နိုင်ငံ တော်သီချင်းသံပြိုင်သီဆိုခဲ့ကြပြီး ကြေညာချက်တစ်စောင်ကိုထုတ် ပြန်ခဲ့သည်။ မြန်မာအစိုးရ၏လုပ်ဆောင်ချက်များကိုထောက်ခံကြောင်းနှင့် အကြမ်းဖက်ဖြစ်စဉ်များကိုရှုတ်ချ ကြောင်းများပါဝင်သောကြေညာချက်တစ်စောင်ကို မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်သုံးဘာသာဖြင့်ရေးသားပြီး ကုလသမဂ္ဂရုံးတာဝန်ရှိ သူများထံသို့လည်းကောင်း၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများထံသို့လည်းကောင်းပေးပို့ခဲ့ကြောင်းသိရသည်။ ပါဝင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်ခင်မူယာစိုးမြင့်က ''ဆန္ဒ ထုတ်ဖော်ပွဲကို ကျွန်မတက်ရောက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားထဲမှာလုံးဝမပါတဲ့ ဘင်္ဂါလီ တွေကို မြန်မာတိုင်းရင်းသားအဖြစ် လုံးဝရပ်တည်ခွင့်မပေးနိုင်လို့ပါ။ မြန်မာ့မြေပေါ်မှာလည်း လုံးဝလက်ခံမပေးနိုင်လို့ပါ။ ကျွန်မတို့က တိုင်းတစ်ပါးမှာနေတာ။ ဂျပန်မှာနေ တော့ ဂျပန်စည်းကမ်း၊ ဂျပန်ဥပဒေကို လိုက်နာရပါတယ်။ ဘင်္ဂါလီက မြန်မာပြည်မှာနေပြီး မြန်မာက ရခိုင်တွေကို ဥပဒေမဲ့ရက်စက်စွာ သတ်ဖြတ်နေပြီ။ မြန်မာ့မြေပေါ် မှာကျူးကျော်နေပြီး ဥပဒေမဲ့နေ တာကို မြန်မာတစ်ယောက်အနေနဲ့ ခံပြင်းလွန်းလို့ ဒီပွဲကို တက်ရောက် ရတာဖြစ်ပါတယ်'' ဟုပြောသည်။ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့ တွင် စက်တင်ဘာ ၈ ရက်က ဂျပန်နိုင်ငံရောက် မူဆလင် ၃ဝဝ ကျော်တို့က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါ လီအရေးနှင့်ပတ်သက်ပြီး ဆန္ဒပြ မှုများ ပြုလုပ်ခဲ့ပြီး ဂျပန်ရောက် မြန်မာအချို့မှလည်း အဆိုပါဆန္ဒ ပြသူများအား တန်ပြန်ဆန္ဒပြခဲ့မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


SMO

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191