Main menu
HOT NEWS
adv
ရန်ကုန်တိုင်း လွှတ်တော်တွင် တိုင်းအစိုးရက လွယ်ကူသည့် မေးခွန်းများကိုသာဖြေပြီး ခက်ခဲသည့် မေးခွန်းများကို မဖြေဘဲ အချိန်ဆွဲသလိုဖြစ်နေ ဟု ဆို

ရန်ကုန်တိုင်း လွှတ်တော်တွင် တိုင်းအစိုးရက လွယ်ကူသည့် မေးခွန်းများကိုသာဖြေပြီး ခက်ခဲသည့် မေးခွန်းများကို မဖြေဘဲ အချိန်ဆွဲသလိုဖြစ်နေ ဟု ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ အစည်းအဝေးမှစတင်ကာ အစိုးရအနေဖြင့် လွှတ်တော်တွင်းမေးခွန်းများနှင့်ပတ်သက်ပြီး လွယ်ကူသည့် မေးခွန်းများကိုသာဖြေကြားပြီး ခက်ခဲသည့်မေးခွန်းများကို ဖြေကြားခြင်း မရှိသေးဘဲ အချိန်ဆွဲသလိုဖြစ်နေ ကြောင်း ဒဂုံမြို့မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျကပြောသည်။ စက်တင်ဘာ ၁၃ ရက် တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးတွင် ၎င်းကအထက်ပါအတိုင်း မီဒီယာများကို ပြောကြားခဲ့သည်။


''အစိုးရက လွယ်ကူတဲ့မေးခွန်း တွေကိုပဲ အဓိကထားဖြေပြီးတော့ ခက်ခဲတဲ့မေးခွန်းတွေကို အချိန်ဆွဲသလိုဖြစ်နေတာပေါ့။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် လွယ်လွယ် ကူကူမေးခွန်းလေးတွေပဲ သူတို့က ဖြေနေတယ်။ ကျန်တဲ့ခက်ခဲတဲ့သိ ချင်တဲ့မေးခွန်းတွေ၊ ပြည်သူလူထု စိတ်ဝင်စားတဲ့မေးခွန်းတွေ မဖြေသေး ဘူး။ လွယ်တဲ့မေးခွန်းလေးတွေပဲ ဖြေတာက ပထမ၊ ဒုတိယပုံမှန်အစည်းအဝေးမှာ မေးခွန်းတွေစမေး ကြတယ်ပေါ့။ နည်းနည်းဖြေသေးတယ်။ နောက်ပိုင်းကျတော့ လွယ်ကူတဲ့မေးခွန်းတွေပဲ အရင်ဖြေတယ်။ တတိယပုံမှန်အစည်းအဝေးလောက်ကစပြီးတော့ စတုတ္ထပုံမှန်အစည်း အဝေးမှာပိုဆိုးသွားတယ်။ စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ကျန်တဲ့မေးခွန်းလည်း ကျွန်တော့်မေးခွန်းတွေ လာမဖြေသေးဘူး''ဟု ဦးကျော်ဇေယျက ပြောသည်။ YBS  နှင့်သက်ဆိုင်သည့် မေး ခွန်းများ၊ စစ်သမိုင်းပြတိုက်နှင့်ပတ်သက်သည့်မေးခွန်းများ၊ စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် နှင့်သက်ဆိုင်သည့်အဆိုနှင့် မြေသိမ်း ဆည်းမှုမေးခွန်းများကို ပြန်လည် ဖြေကြားခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။


''ပြီးခဲ့တဲ့အပတ် ကျွန်တော်မေး ခွန်းခုနစ်ခုတင်တယ်။ တစ်ခုပဲလာဖြေတယ်။ ခြောက်ခုကျန်တာပေါ့နော်။ ဒီအပတ်မေးခွန်းဆိုရင်လည်း ကျွန် တော်တင်ထားတာတစ်ခုပဲလာဖြေ သေးတယ်''ဟု ၎င်းကပြောသည်။ မေးခွန်းဖြေကြားရာတွင် ဘက်ဂျက်နှင့်သက်ဆိုင်သည့် တံတားတည်ဆောက်ခြင်း၊ ကျောင်းဆောက် ခြင်း၊ မြို့တော်ခန်းမ စသည့်မေးခွန်း များကိုသာ အဓိကထားဖြေကြားခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ ''အစိုးရခက်ခဲတဲ့မေးခွန်းတွေ ကျတော့ လာဖြေတာနည်းနည်းလေး ဘယ်လိုလဲမသိဘူး မဖြေသေးဘူး ပေါ့နော်။ ကျွန်တော်ဆိုရင်လည်း အဆိုအောင်ထားတဲ့ မေးခွန်းပေါ့။ဆိုင်ကယ်စီးနင်းခွင့် မြေပြင်အနေ အထားအရ ဆိုင်ကယ်စီးနင်းခွင့်ပြုထားတယ်။ ဥပမာ-မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ စီးနင်းခွင့်ကို ကျွန် တော်အဆိုအောင်လို့ပြန်စဉ်းစားဖို့။ ပြန်တော့စဉ်းစားတယ် အဆိုအောင် တဲ့အတွက်ဘာဖြစ်လဲဆိုတော့ စည် ပင်သာယာနယ်နိမိတ်မှာ ဆိပ်ကြီးခနောင်တိုနဲ့ဒလပဲခွင့်ပြုတယ်။ မင်္ဂလာဒုံတို့၊ ရွှေပြည်သာတို့ခွင့်မပြုဘူး။ ခွင့်မပြုတော့ဖမ်းတာဆီးတာတွေ ဟိုတလောကလုပ်လိုက်တယ်။ အဲဒါ လေးတွေက အစိုးရအတွက်လည်း မကောင်းတဲ့ပုံရိပ်ကလေးတွေပေါ့။ အဲဒီမေးခွန်းတွေက ကျွန်တော်လည်း မေးထားတယ်။ မဖြေသေးဘူးဆိုတဲ့ အကြောင်းပြောတာပါ''ဟု ဦးကျော် ဇေယျကပြောသည်။

 

AL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191