Main menu
HOT NEWS
adv
နယူးယောက်မြို့သား အမေရိကန် သမ္မတအဖြစ် ကလင်တန်နှင့် ထရန့် ပြိုင်ဆိုင်မှုပြင်းထန်

နယူးယောက်မြို့သား အမေရိကန် သမ္မတအဖြစ် ကလင်တန်နှင့် ထရန့် ပြိုင်ဆိုင်မှုပြင်းထန်

နယူးယောက်၊ ဇွန် ၁၂


အမေရိကန်သမိုင်းတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နယူးယောက် မြို့ခံသမ္မတအဖြစ် ပထမဆုံးအကြိမ်ဖြစ်လာမည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ရီပတ်ဘလီကန်သမ္မတ လောင်း ဒေါ်နယ် ထရန့်တို့၏ပြိုင်ဆိုင်မှုပြင်းထန်လာသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် နယူးယောက်မြို့သူ၊ မြို့သားများဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန်သမ္မတဖြစ်လာမည့် နယူးယောက်မြို့သား ဘီလီယံ နာ ဒေါ်နယ်ထရန့်နှင့် နယူးယောက် အထက်လွှတ်တော်အမတ်နှစ်ကြိမ်ရွေးချယ်ခံရဖူးသော နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီကလင်တန်တို့နှစ်ဦးအနက် နယူးယောက်မဲဆန္ဒရှင်များ မည်သူ့အား ရွေးချယ်မည်ကို ခန့်မှန်း ၍မရကြောင်း ကိုလံဘီယာတက္က သိုလ်မှ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာရေးရာဌာနမှ ပါမောက္ခ Sharyn O`Halloran က ပြောသည်။


''နယူးယောက်မြို့သားအများစုက ဆွဲဆောင်မှုရှိတယ်။ ရန်လိုတယ်။ အရည်အသွေးမြင့်၊ တစ်ဦးချင်းစွမ်းဆောင်နိုင်မှုမြင့်တယ်။ ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်တယ်''ဟု Sharyn O`Halloran က သုံးသပ်ပြောကြားသည်။ နယူးယောက်မြို့သည် လူမျိုးပေါင်းစုံစုဝေးနေထိုင်ပြီး ဘာသာစ ကား ၂ဝဝ ကျော်အသုံးပြု၍ လူဦးရေ ၈ ဒသမ ၅၅ သန်းရှိပြီး ၃၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားမှရွှေ့ပြောင်းအခြေချသူများဖြစ်သည်။
ကလင်တန်သည် နယူးယောက်ဇာတိချက်မြှုပ်မဟုတ်သော်လည်း နယူးယောက်တွင်နေထိုင်ပြီး ပြည်နယ်ကိုယ်စားပြုအထက်လွှတ်တော် အမတ်အဖြစ် နှစ်ကြိမ်ဆောင်ရွက်ခဲ့ဖူးကာ အမေရိကန်နိုင်ငံ၏ ပထမ ဆုံး အမျိုးသမီးသမ္မတဖြစ်လာနိုင်ကြောင်း၊ နယူးယောက်မြို့ Manhattan မြို့နယ်၌ အိမ်ခြံမြေလုပ်ငန်းရှင်၊ ရုပ်သံမီဒီယာတည်ထောင်သူ ဘီလီယံနာ ဒေါ်နယ်ထရန့်သည်လည်း နယူးယောက်မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ နယူးယောက် မြို့တွင် ဒီမိုကရက်နှင့် လစ်ဘရယ်ထောက်ခံသူ များပြားလျက်ရှိပြီး ဟီလာရီကလင်တန်၏မဲဆွယ်စည်းရုံးရေး ရန်ပုံငွေအများဆုံးရရှိ သည့် ပြည် နယ်တစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲတွင် ထရန့် သို့မဟုတ် ဟီလာရီအနိုင်ရမည်ဖြစ်သဖြင့် ၇၂ နှစ်အတွင်း ပထမဆုံးသော နယူးယောက်မြို့သားသမ္မတ တစ်ဦးဖြစ်လာတော့ မည်ဟု သိရသည်။                                         

Ref;AFP

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191