Main menu
HOT NEWS
adv
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ရန်ကုန်မြို့သို့ ရောက်ရှိ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ရန်ကုန်မြို့သို့ ရောက်ရှိ

မစ္စယန်ဟီးလီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေစဉ်။  ဓာတ်ပုံ-MOI

 

ရန်ကုန်၊ ဇွန် ၁၉

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေ အနေဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူ မစ္စယန်ဟီးလီသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် နယူး ယောက်မြို့၌ပြုလုပ်မည့် (၇၁)ကြိမ် မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည့်အစီရင်ခံစာ ပြုစုရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။ မစ္စယန်ဟီးလီနှင့် အဖွဲ့ဝင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် UN ရုံးတို့မှ တာဝန်ရှိသူများက ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြသည်။


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့ အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ စစ်တွေ၊ မြစ်ကြီးနား နှင့် လားရှိုးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့ အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၏ ယခုခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

MOI

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191