Wednesday, 27 September 2017 14:01

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဟိန္ဒူဘာသာဝင်များသေဆုံး ရမှုဖြစ်စဉ်ကို ကမ္ဘာသိရန်ယခုလ ၂၈ ရက် နေ့တွင် သံတမန်များ၊ မီဒီယာများကို ဖိတ်ခေါ်ပြသရှင်းလင်းမည်

Written by
Rate this item
(1 Vote)

ရန်ကုန်၊ စက်တင်ဘာ ၂၆-ARSA အစွန်းရောက်အကြမ်းဖက်သမား များ၏ သတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့ရသည့် ဟိန္ဒူဘာသာဝင်ရုပ်အ လောင်းများနှင့်ဖြစ်စဉ်ကို ကမ္ဘာမှ သိရန် နိုင်ငံတကာသံတမန်များ၊ မီ ဒီယာများကို ဖိတ်ခေါ်ပြသရှင်းလင်း မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီမိုက ရေစီတူဒေးသို့ပြောသည်။

 

ဟိန္ဒူဘာသာဝင်များ၏ ကိုယ် တွေ့ပြောကြားချက်အရ ပျောက် ဆုံးနေသောဟိန္ဒူဘာသာဝင်ရုပ် အလောင်း ၄၅ လောင်းနှင့်ပတ် သက်ပြီး ဆောင်ရွက်မည့်အစီအစဉ် အပေါ် ဒီမိုကရေစီတူဒေးသတင်း စာ၏ဆက်သွယ်မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက စက်တင် ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ "ဟိန္ဒူဘာသာဝင်တွေအစု လိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ အခု တကယ် ကိုဖော်ထုတ်တွေ့ရှိနေရပြီ။ ပထမ နေ့က ၂၈ လောင်း။ ကျွန်တော်တို့ သွားတဲ့နေ့မှာ ၁၇ လောင်း။ အား လုံးရုပ် အလောင်း ၄၅ လောင်းကိုတွေ့ ပြီ။ ဆက်လက်ပြီးတော့လည်း ရှာ ဖွေနေတယ်။ ဆက်လက် လည်းပေါ် ပေါက်လာမှာလို့ယူဆတယ်" ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကပြောသည်။

""ဟိန္ဒူဘာသာဝင်တွေက သူ တို့ရဲ့ဆန္ဒအရ သူတို့ကမီးသင်္ဂြိုဟ် တယ်။ အခုသူတို့ရဲ့ဆွေမျိုးသား ချင်းတွေလည်းအစုံအလင်မဟုတ် သေးဘူး။ ကျန်ဦးမယ်ဆိုတာ သူတို့ သိတယ်။ အဲဒါကြောင့်မို့သူတို့က ဒါတွေကိုတစ်လောင်းရ တစ်လောင်း မသင်္ဂြိုဟ်ဘဲနဲ့ စုထားပေးပါပေါ့။ စုထားပေးပြီးတော့ ဒါကိုမီးသင်္ဂြိုဟ် မယ်လို့ပြောတယ်။ စုဆောင်းပေးတဲ့ အနေအထားမှာ ဒီနေ့စက်တင်ဘာ ၂၆ မှာလည်း ဆက်ရှာတာ ညနေ လောက်အထိ ထပ်မတွေ့သေးဘူး""ဟု ပြည်ထောင်စုဝန်ကြီး
ကပြောသည်။

နိုင်ငံတကာသံတမန်များနှင့် မီဒီယာများက မောင်တောဒေသ သို့ စက်တင်ဘာ ၂၈ ရက်ခန့်တွင် ရောက်ရှိမည်ဖြစ်သဖြင့် ကာယကံ ရှင်များ၏ဆန္ဒအရမီးသင်္ဂြိုဟ်မှု မပြုသေးသောဟိန္ဒူဘာသာဝင် ရုပ်အလောင်းများနှင့်တွေ့ရှိသည့် နေရာသို့ ဖိတ်ခေါ်ပြသမည် ဟု ပြည် ထောင်စုဝန်ကြီး၏ပြောကြားချက် အရသိရသည်။""နိုင်ငံတကာသံတမန်များ ပေါ့။ သံတမန်များအဖွဲ့ကလည်းဒီ ဒေသမှာသွားရောက်လေ့လာချင် တယ်ဆိုတဲ့ကိစ္စကလည်းရှိနေတာ ပေါ့။ တိုက်ဆိုင်တာပေါ့။ ဒီလိုအနေ အထားမှာ မီးသင်္ဂြိုဟ်မှုမပြုရသေး ဘူး။ ဒါကတော့ကာယကံရှင်တွေ ရဲ့ဆန္ဒနဲ့လုပ်ရခြင်းဖြစ်ပါတယ်။ သင်္ဂြိုဟ်မယ်၊ မသင်္ဂြိုဟ်ဘူးဆိုတာ ကျွန်တော်တို့သဘောမဟုတ်ပါဘူး။ အခုကတော့တိုက်ဆိုင်မှုရှိမလား လို့မှန်းဆကြည့်ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မီဒီယာတွေ၊ သံတမန် များပေါ့။နိုင်ငံတကာသံတမန်များ ဆိုရင် မီဒီယာကပါလာတာပေါ့ လေ။ နိုင်ငံတကာသံတမန်တွေ သွားရောက်ကြည့်ရှုမယ့်ရက်က သန်ဘက်ခါ စက်တင်ဘာ ၂၈ ရက် လောက်ဖြစ်မယ်လို့မှန်းထားရပါ တယ်""ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ထပ် လောင်းပြောသည်။ရုပ်အလောင်းများကိုလက်ရှိ အချိန်တွင် တူးဖော်တွေ့ရှိရသည့် နေရာများတွင် စနစ်တကျထိန်းသိမ်း ထားကြောင်းလည်း သိရသည်။

"လက်တွေ့ တွေ့နေရပြီ။ လက်တွေကြိုးတုပ်တယ်။ မျက်နှာ တွေစည်းထားတယ်။ ရုပ်အလောင်း တိုင်းမှာ လည်ပင်းတွေဖြတ်ထား တာတွေ့နေရတယ်။ ဒါကအစု လိုက်အပြုံလိုက်အကြမ်းဖက်မှု လုပ်ရပ်ဆိုတာ နိုင်ငံတကာကသိ
နိုင်နေ ပြီပေါ့။ ဒါကိုကျွန်တော်တို့ ပြနိုင်တယ်ပေါ့" ဟု ဒေါက်တာဝင်း မြတ်အေးကပြောသည်။

ရခိုင်ပြည်နယ်မောင်တော မြို့နယ်ရှိ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်များ၏ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ပျောက်ဆုံးနေသောဟိန္ဒူဘာ သာဝင်များအားရှာဖွေခဲ့ရာ စက်တင် ဘာ ၂၄ ရက်တွင် ရဲဘော်ကျကျေး ရွာအနီးရှိ မြေကျင်းနှစ် ကျင်းအတွင်း မှ ဟိန္ဒူဘာသာဝင်အမျိုးသားရုပ် အလောင်းရှစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ ၊ ပေါင်း ၂၈ လောင်းနှင့် စက်တင်ဘာ ၂၅ ရက် တွင် ထပ်မံရှာဖွေ့ခဲ့ရာ ပထမ မြေ ကျင်းနှစ်ကျင်းအတွင်းမှာ ရုပ်အ လောင်း ၁၇ လောင်းတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

DT
#Democracytoday

Read 351 times
Login to post comments