Wednesday, 27 September 2017 14:12

ဗဟိုရွှေဈေးကွက်ဖော် ဆောင်ရာတွင် လောင်းကစားဈေး ကွက်ကဲ့သို့မဖြစ် စေရေးအထူးဂရုစိုက်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သတိပေး

Written by
Rate this item
(0 votes)

PMUPMT News

ရန်ကုန်၊ စက်တင်ဘာ ၂၆-ဗဟို ရွှေဈေးကွက်ဖော်ဆောင်ရာတွင် လောင်းကစားဈေးကွက်တစ်ခုကဲ့ သို့ဖြစ်မသွားရန် အထူးဂရုစိုက် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက သတိပေးပြောကြားလိုက် သည်။ စက်တင်ဘာ ၂၆ ရက်က ရန် ကုန်မြို့ရှိSummit Parkviewဟိုတယ်တွင်ပြုလုပ်သည့် မြန်မာ နိုင်ငံတွင်ဆောင်ရွက်မည့် နိုင်ငံ တကာအဆင့်မီရွှေ၊ ရွှေဖြင့်ပြု လုပ်ထားသောလက်ဝတ်ရတနာ နှင့် ပစ္စည်းများ၊ ကျောက်မျက် အချော ထည် များနှင့် မြန်မာ့တွင်း ထွက်သတ္တုသယံ ဇာတ များရောင်း ဝယ်ဖောက်ကားရေး ဗဟိုဈေး ကွက်ဖော်ဆောင်မှုအလုပ်ရုံဆွေး နွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့် အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်းထည့် သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရွှေဈေးကွက်ကို လတ် တလောကြည့်မည်ဆိုပါက အရိုင်း အဆင့်သာရှိနေသေးသည့်အတွက် ယင်းရွှေဈေးကွက်ကို တဖြည်း ဖြည်းယဉ်ပါးရင့်ကျက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ပြီး ထိုကဲ့သို့လုပ်နိုင်မှသာ နိုင်ငံ တော်အတွက်
လည်းအကျိုးရှိကာ ယင်းနယ်ပယ်မှယင်းနယ်ပယ်မှပုဂ္ဂိုလ်များ၏ ကြိုးပမ်းဆောင်ရွက်မှုသည်လည်း တရားဝင်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောသည်။

"လောင်းကစားဈေးကွက်တစ်ခုလိုဖြစ်မသွားဖို့ အထူးဂရုစိုက်ရ မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးထူထောင်လိုက်လို့ ရုတ်တရက် လောင်းကစားဈေးကွက်လိုမျိုး တအားလှုပ်ခတ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နဲ့တက်သွားပြီးမှ မိုးပျံပူဖောင်းပေါက် ကွဲသလိုဖြစ်သွား ခဲ့ရင် မြန်မာနိုင်ငံ ရွှေဈေးကွက်အလားအလာ မှေးမှိန်သွားနိုင်ပါတယ်။ ဒီဟာကိုတော့ အထူးဂရုစိုက်ပြီးဆောင်ရွက်ပါလို့တိုက်တွန်းလိုပါတယ်" ဟု ၎င်းင်းကပြောကြားခဲ့သည်။

ရွှေလုပ်ငန်းရှင်များနှင့် ရွှေနှင့်ပတ်သက်သည့်ဌာနများတွင် ပါဝင် ပတ်သက်နေသူများအနေဖြင့် စနစ်တကျလေ့လာဆန်းစစ်ပြီးမှသာ တင်ပြရန်လိုအပ်ပြီး ယင်းကဲ့သို့စနစ်တကျတင်ပြမှသာ အစိုးရက ရွှေ ဈေးကွက်ကိုကူညီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေ သ ကြီး ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

 

 

ယင်းနှင့်ပတ်သက်ပြီး မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိ တက်မှ ဥက္ကဋ္ဌဦးခင်မောင်ဟန်က " ဥပဒေနဲ့ နည်းဥပဒေတွေကိုညှိ နှိုင်းနေတယ်။ ဈေးကွက်တည်ဆောက်ရေးကိစ္စတွေလုပ်နေတယ်။ ယာယီဈေးကွက်ဆိုတာလည်း စဖွင့်ဖို့လုပ်မယ်။ရေရှည် အမြဲတမ်း ဖွင့် သွားမယ့်ဈေးကွက်ကြီးတစ်ခုလည်းတည်ဆောက်မယ်။ အဲဒီအခါမှာ မူဝါဒတွေလည်းဆွဲပါမယ်။ တကယ့်ကို စနစ်တကျဈေးကွက်ဖြစ်လာမယ် ဆိုရင်တော့ ဈေးကွက်ပလက်ဖောင်းတွေ အတိအကျဆွဲရမယ်။ အဲဒီ လိုဆိုရင် ဥပဒေနဲ့မညီ တာ မဖြစ်တော့ ဘဲ ဥပဒေအောက်ကိုရောက်သွား မယ်။ သေချာပေါက်ရောက်မယ်လို့ထင်တယ်""ဟု ပြောသည်။ရွှေ၊ ကျောက်မျက်နှင့် သတ္တုသယံဇာတဗဟိုဈေးကွက်ကို ပထမ အဆင့်အနေဖြင့် ရန်ကုန်တွင်တည်ထောင်မည်ဖြစ်ပြီး မန္တလေးနှင့် နေပြည်တော်တို့ တွင်ပါ ဆက်လက်တည်ထောင် မည်ဖြစ်သည်။

အဆိုပါ ဗဟိုရွှေဈေးကွက်တည်ထောင်ရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ရွှေဖွံ့ဖြိုး တိုး တက်ရေး အများပိုင် ကုမ္ပဏီတို့ကပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

TTMT
#Democracytoday

Read 1546 times Last modified on Wednesday, 27 September 2017 14:31
Login to post comments