HOT NEWS
Main menu
adv
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ရန်ကုန်၊ ဇူလိုင် ၅

အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နိုင် ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ ဇူလိုင်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။


''ဒီနေ့အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတာကတော့ NRPC ဖွဲ့စည်းမယ့်ဟာကို အကြမ်းဖျင်းရှင်းပြတယ်။ NRPC ဖွဲ့စည်းတာနဲ့ပတ်သက်လို့ မကြာမီမှာ အမိန့်ကြေညာစာကို သမ္မတလက်မှတ်ထိုး ပြီးထုတ်မယ်။ NRPC က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်။ ကျန်တာကတော့ တပ်မတော်ပိုင်း၊ လွှတ်တော်ပိုင်း၊ အစိုးရပိုင်းပါမယ်''ဟုဦးဇော်ဌေးက ပြောသည်။ NRPC အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် တစ်ခုတည်း ဆောင်ရွက်မည်မဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အခြားကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ဦးဇော်ဌေးက ''ငြိမ်းချမ်းရေး တစ်ခုတည်းတင်မဟုတ်ပါဘူး။ အ မျိုး သားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာကျန်တဲ့ ပြန်လည်သင့်မြတ်ရေးကိစ္စမျိုး၊ ဥပမာ-ရခိုင်ကိစ္စလိုဟာမျိုးလည်း ဒီစင်တာက ကိုင်တွယ်သွားမယ်ပေါ့'' ဟုဆိုသည်။


ယနေ့ဆွေးနွေးပွဲတွင် NRPC  အနေဖြင့် နိုင်ငံတကာမှကူညီထောက်ပံ့ငွေများကိုျြွဏဃကသာ ကိုင်တွယ်သွားမည်ဟု မူဝါဒချမှတ်ပေးခဲ့ ကြောင်း ဦးဇော်ဌေးက ပြောသည်။ ''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မစ ခင်မှာ ဒေသကိုအခြေခံတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲ၊ နောက်လူမျိုးကိုအခြေခံတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ နောက်အကြောင်းအရာကိုအခြေခံတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲလုပ်ရင် ပိုက်ဆံလိုမယ်။ ပိုက်ဆံနဲ့ပတ်သက်တဲ့ နိုင်ငံတကာကူညီ ထောက်ပံ့မှုတွေနဲ့ပတ်သက်လို့ ဒေါ် အောင်ဆန်းစုကြည်က မူဝါဒပေးသွားတယ်။ ဘယ်လိုချပေးလဲဆိုရင် အသစ်ဖွဲ့စည်းမယ့် NRPC ကနေ Funding  တွေ ကိုကိုင်တွယ်သွားမယ် ဒါကတော့ ပြတ်ပြတ်သားသားချပေးသွားတယ်''ဟု ဦးဇော်ဌေးက ထပ်လောင်းပြောကြားသည်။ ဇူလိုင်လ ၅ ရက်နေ့တွင်ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ညီလာခံအကြိုပြင် ဆင် ရေးကော်မတီတို့၏ အစည်းအဝေးကို နံနက် ၁ဝ နာရီမှစတင်ခဲ့ပြီး သုံးနာရီအကြာ ဆွေးနွေးခဲ့ကြောင်းသိရသည်။


MP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS