Wednesday, 27 September 2017 14:32

အမ်းမြို့နယ်တွင် ဆူပူအုံကြွမှု ပြုလုပ်ပေးရန် ငွေကျပ်ငါးသိန်းပေးစည်းရုံးစေခိုင်း ခံထားရသူတစ်ဦး တွေ့ရှိထားဟု မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်ပြောကြား

Written by
Rate this item
(0 votes)

မကွေး၊ စက်တင်ဘာ ၂၆-ရခိုင် ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူအုံ ကြွမှုများပြုလုပ်ပေးရန် ငွေကျပ် ငါးသိန်းပေးကာ စည်းရုံးစေခိုင်းသူ တစ်ဦးကို မကွေးတိုင်းဒေသကြီး တွင် တွေ့ရှိထားသည်ဟု မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး စက် တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းတွင် ဝန်ကြီးချုပ်ကမီဒီယာ များအား သတင်းစာရှင်းလင်းပွဲပြု လုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။စည်းရုံးသူနှင့် စည်းရုံးခံရသူ တို့၏အမည်များကို သိရှိသော် လည်း လုံခြုံရေးအရထုတ်ဖော်ပြော ကြားလိုခြင်းမရှိကြောင်း မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော ကြားသည်။

 

""စည်းရုံးတဲ့သူနာမည်တွေ တော့မမေးနဲ့။ လျှို့ဝှက်ချက်အနေနဲ့ လုံခြုံရေးအရပြောလို့မရဘူး။ အဲဒီ စည်းရုံးသူက ကျပ်ငါးသိန်းပေး မယ်။ အမ်းကိုလိုက်ခဲ့၊ လမ်းမှာ စားချင်တာစား၊ သောက်ချင်တာ သောက်၊ ရေမီးအပြည့်အစုံပေးမယ် ပြောတယ်။ ငါးသိန်းကိုတော့တာ ဝန်ကျေပြီး မကွေးပြန်ရောက်မှပေး မယ်။ အဲဒီအခါမှာ စည်းရုံးခံရသူ က အမ်းမှာ ဆူပူအောင်လှုံ့ဆော် ပေးရမယ်ဆိုတာ နည်းတဲ့တာဝန်မဟုတ်ဘူးဆိုပြီး လာစည်းရုံးသူကို မင်းခံစားခွင့်က ဘာရမှာလဲလို့မေး တော့။ ငါတို့မှာငွေရှိတယ်။ လက် နက်ရှိ တယ်။ မရှိတာ အာဏာပဲ မရှိတာ။ အာဏာရှိအောင် ဆူပူ အုံကြွမှုတွေဖန်တီးပြီးတော့လုပ်ရ မှာပဲလို့ စည်းရုံးသူက စည်းရုံးခံရ သူကိုပြောတယ်လို့ ပြောတယ် "ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းပေးသူကို အရေးယူမည် မဟုတ်ဘဲ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန် ရှိ အဖွဲ့အစည်းများအား ဥပဒေနှင့် အညီအရေးယူရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းသိရသည်။

ZZ
#Democracytoday

Read 1757 times
Login to post comments