Monday, 09 October 2017 11:48

ရခိုင်ဒေသ အကြမ်းဖက်မှုကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းနှင့် အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချခြင်း အခမ်းအနား ကျင်းပ

Written by MMN
Rate this item
(0 votes)

ကျောက်တံခါး၊ အောက်တိုဘာ ၈

 

ရခိုင်ပြည်နယ် မောင်တောဒေသ တွင် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ဖြစ်ပွားခဲ့သော အစွန်း ရောက်အကြမ်းဖက်အဖွဲ့  ARSA  က ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများကို ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြေကွဲ ခြင်း ဟိန္ဒူဓလေ့အရ ဆုတောင်း ခြင်းနှင့် အကြမ်းဖက်မှုအား ပြင်းထန်စွာရှုတ်ချခြင်းအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက် ၁ဝ နာရီခန့်က ကျောက်တံခါးမြို့ သနန္တနဓမ္မရိပ်သာ၌ ကျင်းပ ကြောင်းသိရသည်။ အခမ်းအနားကို အစီအစဉ် ရှစ်ခုဖြင့်ကျင်းပခဲ့ပြီး ဂါယာတြိ မာန်ဒရမ်သုံးကြိမ်စုပေါင်းရွတ်ဆို စတင်ခဲ့ကာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် သုံးမိနစ်ခန့်ငြိမ် သက်ဆုတောင်းခဲ့ကြသည်။

 


အစီအစဉ်အရ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမောင်တို့က အမှာစကားပြောကြားကြပြီး ရခိုင်ပြည်နယ်ဒေသ အကြမ်းဖက်မှုတွင် သေဆုံးခဲ့မှုများနှင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ထောက်ပံ့ရေးပြုလုပ်နေမှု လုပ်ငန်းများကို မြန်မာနိုင်ငံ ဟိန္ဒူဘာသာရေးအဖွဲ့ခွဲ(ကျောက်တံခါးမြို့နယ်) ဒုဥက္ကဋ္ဌ ဦးကံသီလာက ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ ချုပ်၏ သဘောထားကြေညာချက်အမှတ်(၁/၂ဝ၁၇)ကို မြို့နယ် ဟိန္ဒူဘာသာရေးဥက္ကဋ္ဌ ဦးမြင့် အောင်ကဖတ်ကြား၍ ဒီပါဝလီ အကြိုနေ့ ရှရီလက္ခချမီးမယ်တော် ရုပ်ပွားတော်ကြီးအား လှည့်လည် ပူဇော်ခံမည့်အစီအစဉ်များကို ပြောကြားသည်။ ရခိုင်ပြည်နယ်ရှိ ဟိန္ဒူဘာသာဝင်များအား ကျောက်တံခါးမြို့နယ် ဟိန္ဒူဘာသာရေးအဖွဲ့ခွဲမှ စုပေါင်းကာ စက်တင်ဘာ ၂၄ ရက်က အလှူငွေကျပ် ၄၃၅ဝ၆၁၃ နှင့် ဆာရီအထည် ၁၅ဝ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

 

MMN

#democracytoday

Read 1625 times
Login to post comments