Monday, 09 October 2017 11:51

ဝန်းရံပြည်သူ အများဆုံးပါဝင်သည့် အမေစု ထောက်ခံ လှည့်လည်ပွဲ အင်အား ၂ဝဝဝ ခန့်ဖြင့် စစ်ကိုင်းမြို့တွင် ပြုလုပ်

Written by DW
Rate this item
(0 votes)

စစ်ကိုင်း၊ အောက်တိုဘာ ၈

 

နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း မြို့တွင်းလှည့်လည်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ကျင်းပလှည့်လည်ရာတွင် ဝန်းရံပြည်သူ ၂ဝဝဝ ခန့် လိုက်ပါခဲ့သဖြင့် အထူးစည်ကားခဲ့ ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို စစ်ကိုင်းမြို့နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းနှင့် စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့က ပူး ပေါင်းကျင်းပခြင်းဖြစ်ပြီး မြို့တွင်း လှည့်လည်ရေးအစီအစဉ်စုရပ်အ ဖြစ် စစ်ကိုင်းမြို့နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး ရှေ့မှ စတင်၍ မြို့တွင်းလှည့်လည်ခဲ့ကြသည်။

 


''အမေဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက်ရယူပြီး တရားဝင်လှည့်လည်ခွင့်တောင်းရာမှာ လူဦးရေ ၇ဝဝ ပဲတောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ အခုမြင်တဲ့အတိုင်း မြို့ပေါ်ရပ်ကွက်တွေကရောရွာတွေကပါ ကားတွေ ဆိုင်ကယ် တွေနဲ့စုရပ်အရောက် လာပူးပေါင်းဝန်းရံကြလို့ မြို့တွင်းလှည့်လည်ရာမှာ လူဦးရေ ၂ဝဝဝ နီးပါးလိုက် ပါလာတာတွေ့ရပါတယ်''ဟု စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အတွင်းရေးမှူး ဦးဆွေမြင့်စိုးက ပြောသည်။

 


စစ်ကိုင်းမြို့တွင်းလှည့်လည်ရာတွင် ရိုင်တန်းရပ်ကွက်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံးစုရပ်မှ မြို့မဈေးကြီးလမ်းအတိုင်း ချင်းစုထောင့်အထိ ယင်းမှ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ ထိုမှ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းမကြီးအတိုင်း ပြန်လည်ထွက်ခွာ၍ ဇေယျာလမ်းအတိုင်း ဧရာဝတီမြစ်ဆိပ်အထိ ဦးဆောင်သည့်အသင်းများ၏ ဆိုင်းဘုတ်များ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့်ဆုတောင်း စာသားများပါ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကြွေးကြော်ကာ စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။

 

DW

#democracytoday

Read 519 times
Login to post comments