Tuesday, 10 October 2017 16:23

၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် မွန်တစ်မျိုးသားလုံး ပါဝင်သော ညီလာခံ ကျင်းပမည်

Written by AHO
Rate this item
(0 votes)

မော်လမြိုင်၊အောက်တိုဘာ ၉

 

မွန်တိုင်းရင်းသားအားလုံးစည်းလုံးညီ ညွတ်ရေးအတွက် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် မွန်တစ်မျိုးသားလုံးအလွှာစုံပါဝင်သော မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီတွင် မော်လမြိုင်မြို့ သိမ်ကုန်းရပ် အောက် ပဲခူးကျောင်း မွန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသောအစည်းအ ဝေးမှဆုံးဖြတ်ကြောင်းသိရသည်။

 

 

အဆိုပါ အစည်းအဝေးတွင် မွန်နိုင်ငံရေးပါတီများပေါင်းစည်း ညှိနှိုင်းရေးအဖွဲ့၊ ရာမညအင်အားစု၊ မွန်အကျိုးဆောင်အဖွဲ့၊ မွန်လူငယ်အင်အားစုများနှင့် မွန်ဆရာ တော် သံဃာတော်များပါဝင်တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။  ''ဒီကနေ့အစည်းအဝေးမှာ ဆုံးဖြတ်ချက်သုံးချက် ချမှတ်ခဲ့တယ်။ ပထမအချက်က မွန်ညီညွတ်ရေးအဖွဲ့က ဦးဆောင်ပြီး မွန်အမျိုးသား ညီလာခံပြုလုပ်ဖို့၊ ဒုတိယအချက်က ညီလာခံကို မွန်ညီညွတ်ရေးအဖွဲ့ ဦးဆောင်ကျင်းပတာကို ကျန်အဖွဲ့တွေက သဘောတူဖို့၊ တတိယအချက်က ညီလာခံကို ရာမညအင်အားစုနဲ့ မွန်လူငယ်အဖွဲ့တို့က ထိထိရောက်ရောက် ပါဝင်ပေးဖို့ပါပဲ'' ဟု မွန်ညီညွတ်ရေးအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး နိုင်စိုးအောင်က ပြောသည်။

 


ညီလာခံကျင်းပမည့် အဓိကအချက်မှာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် မွန်တစ်မျိုးသားလုံးအလွှာစုံပါဝင်သော ညီလာခံကျင်းပပြီး မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး ဖြစ်ကြောင်း သိရသည်။

 

AHO

#democracytoday

Read 413 times
Login to post comments