Tuesday, 10 October 2017 16:36

အသက် (၇ဝ) နှင့်အထက် နိုင်ငံရေး အကျဉ်းသားဟောင်းကြီးများနှင့် သံဃာတော်များအား ကန်တော့ပွဲနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ ကျင်းပမည်

Written by AXE
Rate this item
(0 votes)

မန္တလေး၊ အောက်တိုဘာ ၉

 

အသက် (၇ဝ)နှစ်နှင့်အထက် နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများနှင့် သံဃာတော်များအား ကန်တော့ပွဲနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံပွဲကို အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ စံပြုရသောပုဂ္ဂိုလ်များ၊ အနစ်နာခံခဲ့သောပုဂ္ဂိုလ်များ၊ အခက်အခဲပေါင်းစုံဖြတ်သန်းလာခဲ့သည့် ပုဂ္ဂိုလ်များဖြစ်သော အသက်(၇ဝ) နှစ်အထက် နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးများ သက်ရှိထင်ရှားရှိစဉ် အသိအမှတ်ပြု ဂါရဝပြုသော အနေဖြင့် ယခုကဲ့သို့ ကန်တော့ပွဲ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

 


''နိုင်/ကျဉ်းသက်ကြီးကန်တော့ ပွဲကျင်းပနိုင်ဖို့ ဘဏ္ဍာရေးအနေအထားအရ အသက်(၇ဝ)နှင့် အထက်ပဲ ကန်တော့နိုင်တာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအပြင် နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော် တွေကိုလည်း ထည့်သွင်းကန်တော့ပါမယ်။ နေရာကတော့ မြို့တော်ခန်းမမှာ လုပ်နိုင်ဖို့ စာတင်မှာပါ။ အဲဒီနေရာမရရင် အခြားနေရာ တစ်ခုမှာစီစဉ်သွားမှာပါ''ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်းကိုနေလင်းကပြောသည်။

 


မန္တလေးခရိုင်ခုနစ်မြို့နယ်အတွင်းရှိ အသက်(၇ဝ)နှင့်အထက် နိုင်ငံရေးအကျဉ်းသားဟောင်း ၃၂ ဦးနှင့်နိုင်ငံရေးအကျဉ်းသား ဟောင်း သံဃာတော်နှစ်ပါးကို ကန်တော့ရန်လျာထားသည်။ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ မိုးကောင်းမဟာဝေယာမ် ဘုံကျော်တိုက်၊ အလယ်တိုက်ကြီး အရှေ့တောင်ထောင့်ရှိ ဆွမ်းစား ကျောင်းတိုက်တွင် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ပထမ အကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယအကြိမ်အပြီးသတ်အစည်း အဝေးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

AXE

#democracytoday

Read 604 times
Login to post comments