Wednesday, 11 October 2017 12:17

မေတ္တာသည် စွမ်းအားတစ်ခုဖြစ်၊ မေတ္တာထားနိုင်မှ တိုင်းပြည်အေးချမ်းနိုင်မည်

Written by AL, TTHL
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

အောက်တိုဘာ ၁ဝ ရက် မွန်းလွဲ တစ်နာကျော်ခန့် ရန်ကုန်မြို့သည် နေလည်းမပူသကဲ့သို့ မိုးလည်း မရွာချေ။ ရန်ကုန်အောင်ဆန်းအားကစားကွင်းပတ်ဝန်းကျင်နှင့်ကွင်း ဝင်ပေါက်များတွင်အရောင်အသွေး စုံလင်သည့်ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံတို့တဖြည်းဖြည်းစု ရုံးရောက်ရှိလာကြသည်။ စုပြုံနေကြသော်လည်း တိုးဝှေ့ မနေကြဘဲအားကစားကွင်းအတွင်း ကိုစီစီရီရီဖြင့် ဝင်ရောက်နေကြသည်။ ဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အစားအသောက်များဝေငှနေ ကြသည်ကိုလည်းတွေ့ရသည်။ မြင် နေရသည့်မြင်ကွင်းက တခြားမဟုတ်။ မကြာသေးခင်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် လူမျိုးရေး၊ ဘာသာရေးအဓိ ကရုဏ်းများမဖြစ်ပေါ်စေရေးနှင့်ငြိမ်းချမ်းရေးရရှိကာ အတူတကွယှဉ်တွဲ နေထိုင်နေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆု တောင်းပွဲအခမ်းအနားသို့ လာ ရောက်နေကြခြင်းဖြစ်သည်။

 


အဆိုပါဆုတောင်းပွဲကို ဗုဒ္ဓဘာသာရဟန်းတော်များ၊ သီလရှင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်း ဆောင်များ၊ သီလရှင်များ၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံမှ ဘာသာဝင်များစုရုံးရောက်ရှိနေကြသည်။ အောင်ဆန်းအားကစားကွင်း လေးဘက်လေးတန်ရှိ ပွဲကြည့်စင်များတွင် ဘာသာပေါင်းစုံမှ ပြည်သူများဖြင့် လူများပြည့်နှက်လျက်ရှိနေသည်။ ထိုအထဲတွင်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လုံခြုံးရေးဝန်ထမ်းများနှင့်ဘာသာ ပေါင်းစုံ၊ လူမျိုးပေါင်းစုံကိုလည်း တွေ့နေရသည်။ အခမ်းအနားကို ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငြိမ်းချမ်းရေးဖယောင်းတိုင်ထွန်းညှိပြီး ဖွင့်လှစ်ပေးလိုက်သည်။ အခမ်းအနားဖွင့်လှစ်ပြီးသည့်နောက်တွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်း ဆောင်များက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သြဝါဒစကားပြော ကြားကာ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

 


ဆုတောင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်း ရေးစေတမန်ဆုရ၊ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလက'' လူသားတိုင်းသည် သူတစ်ပါး၏အပြစ်တွေကိုသာကြည့် ပြီးပြောနေမယ်ဆိုရင် ငြိမ်းချမ်းရေး မရနိုင်ပါ။ အဓိကကတော့ ကိုယ့်အပြစ်ကိုယ်ရှာပြီး အပြစ်ကင်းပြီ ဆိုရင် မိမိအတွက်ငြိမ်းချမ်းမှုရပြီး၊ မိမိစိတ်တွေ ငြိမ်းချမ်းပြီဆိုရင်တော့အများအတွက်၊ နိုင်ငံသူနိုင်ငံသား တွေအတွက်၊ ကမ္ဘာသူကမ္ဘာသားများအတွက် ငြိမ်းချမ်းရေးရဖို့ ဆု တောင်းပေးခြင်းသည် ဧကန်မုချ လူသားတို့တွင်သာမက သက်ရှိ၊ သက်မဲ့အားလုံးငြိမ်းချမ်းပြီးပျော်ရွှင်သောဘဝဖြင့်ရှင်သန်မှာ ဖြစ်ပါတယ်''ဟုမိန့်တော်မူခဲ့သည်။ မိမိကိုယ်တိုင်ငြိမ်းချမ်းရေးရမှ အများပြည်သူအပေါ်တွင် ကံသုံးပါးလုံးဖြင့် မေတ္တာထားနိုင်မည် ဖြစ်ကြောင်း၊ မကျေမနပ်ဖြင့် ရန်ငြိုး ဖွဲ့ခြင်း၊ အာဃာတများကြောင့် ငြိမ်း ချမ်းသာယာမှုရရှိမည်မဟုတ် ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

 


''ဆွေတော်မျိုးတော်များရဲ့ ခန္ဓာကိုယ်တွေဟာတစ်ကိုယ်စီရှိ နေကြပေမယ့် စိတ်ကတစ်စိတ်တည်း ထားကြမယ်ဆိုရင်တစ်စိတ်တစ်ဝမ်းတည်းဥမကွဲသိုက်မပျက်ရှိနေဖို့ အရေးကြီးပါတယ်။ ဥပမာ-နွားနို့ နှင့်ရေရောသကဲ့သို့ဘာသာပေါင်းစုံ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားများက သစ္စာတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာ တရားများများထားကြမယ်ဆိုရင် သာယာဝပြောတဲ့ ကမ္ဘာကြီးဧကန် ဖြစ်မှာသေချာပါတယ်'' ဟု မိန့်ကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကလည်း ''ကျွန် တော်တို့မြန်မာနိုင်ငံတော်ကြီးဟာ ငြိမ်းချမ်းသာယာပြီး ဘာသာပေါင်း စုံအတူယှဉ်တွဲနေထိုင်နေတဲ့ နိုင်ငံ တော်ကြီးဖြစ်တယ်ဆိုတာကို ကျွန် တော်တို့ဒီနေ့ သက်သေပြနိုင်ကြပြီ ဖြစ်ပါတယ်။

 


ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ဆုတောင်း မေတ္တာပို့သကြတယ်။ အခက်အခဲ ဖြစ်နေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနေတဲ့သူတွေအတွက် မေတ္တာဟာ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ပေးနိုင်တဲ့ စွမ်းအားတစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံ သားအားလုံးစုဝေးပြီး မေတ္တာပို့ဆု တောင်းမေတ္တာပို့သခြင်းပဲဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။   ယင်းနောက်ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက ဆုတောင်းမေတ္တာစကားများ ပြောကြားခဲ့သည်။ ကြွရောက်လာသည့် ဘာသာ ရေးခေါင်းဆောင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဘာသာပေါင်းစုံမှ ပြည်သူများက ငြိမ်းချမ်း ရေးဖယောင်းတိုင်များထွန်းညှိ၍ ဆုတောင်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများ၊ ဆုတောင်းပွဲလာကြသူများနှင့် ကမ္ဘာသူကမ္ဘာသားများ ဘေး ရန်ကင်းရှင်းစေရန် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

 

 

AL, TTHL

#democracytoday

Read 397 times
Login to post comments