Wednesday, 11 October 2017 12:52

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ထောက်ခံသည့် အနေဖြင့် ပြည်သူများ စုပေါင်းလမ်းလျှောက်

Written by AB
Rate this item
(0 votes)

ကလေး၊ အောက်တိုဘာ ၁ဝ

 

နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်အား ထောက်ခံသည့်အနေဖြင့် ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ) မှ ဦးဆောင်၍ ကလေးမြို့နယ်လုံး ဆိုင်ရာ ကျောင်းသားများ တပ် ပေါင်းစု၊ ပြင်ပကျောင်းဆောင်မှ ကျောင်းသားကျောင်းသူများ၊ မြို့ ပေါ်နှင့်ရပ်ကွက်ရှိ ပြည်သူများပူး ပေါင်းကာ ငြိမ်းချမ်းရေးစုပေါင်း လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁ဝ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် ပြုလုပ်ခဲ့သည်။

 

 

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို ကလေးမြို့ ရွှေဘုံသာဘုရားကြီးစုရပ်မှ ဘုရားကြီးလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းမတော်လမ်း၊ ဘုရင့်နောင်လမ်းမှတစ်ဆင့် ဘုရားကြီးလမ်းအတိုင်း ရွှေဘုံသာဘုရားကြီးသို့ ဓာတ်ပုံဗီနိုင်းများနှင့် ကြိုဆိုထောက်ခံသည့်စာတန်းဗီနိုင်း များကိုင်ဆောင်ကာ ဂုဏ်ပြုထောက်ခံသည့် ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက် ကြခြင်းဖြစ်သည်။ ထောက်ခံပွဲနှင့်အတူ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ စုပေါင်းမေတ္တာပို့သပွဲကိုလည်း အောက်တိုဘာ ၁ဝ၊ ၁၇၊ ၂၄၊ ၃၁ ရက်(အင်္ဂါ) နေ့များတွင် ပြုလုပ်မည် ဖြစ်ကြောင်းလည်းသိရသည်။ 

 

AB

#democracytoday

 

Read 1428 times
Login to post comments