Thursday, 12 October 2017 13:14

ကာတာလိုးနီးယား အရေး စပိန်အစိုးရ အရေးပေါ် အစည်းအဝေး ကျင်းပ

Written by
Rate this item
(0 votes)

International Political

 

ဘာစီလိုနာ၊ အောက်တိုဘာ ၁၁

စပိန်အစိုးရသည် ကတ်တလန်ခေါင်းဆောင်များ၏ လွတ်လပ်ရေးကြေညာချက်အပေါ် လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်ကညှိ နှိုင်းဆွေးနွေးခဲ့သည်ဟု သတင်းရင်း မြစ်များအရသိရသည်။

 


စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းသည် အရေးပေါ်အစိုးရ အစည်းအဝေးတစ်ရပ်ခေါ်ဆိုကာ ကတ်တလန်ခေါင်းဆောင် ကားလ်စ်ပျူဒေမွန့်၏ ကတ်တလန်လူထုဆန္ဒခံယူပွဲပြီးမြောက်ခဲ့၍ ကတ်တလန်လွတ်လပ်ရေးကို မကြာမီအတည်ပြုကြေညာမည်ဟူ၍ အောက်တိုဘာ ၁ဝ ရက်က ထုတ်ဖော်ပြောဆိုချက်နှင့်စပ် လျဉ်းပြီး အဓိကထားဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရထားသော်လည်း ကတ်တလန် အာဏာပိုင်များသည် လွတ်လပ် ရေးကြေညာခွင့်မရှိကြောင်း၊ ယင်းသည်နိုင်ငံမတည်မငြိမ်ဖြစ်ရေးကို ဦးတည်နေသောကြောင့် မိမိတား မြစ်ပိတ်ပင်ရမည်ဖြစ်ကြောင်း ရာဂျွိုင်းက ကက်ဘိနက်တွင်ပြောကြားလိုက်သည်။ လူဦးရေ ၇ ဒသမ ၅ သန်းရှိ သောစပိန်နိုင်ငံတွင် ကတ်တလန် ဒေသလွတ်လပ်ရေးကြေညာခွဲထွက်မည်ဆိုက ဥရောပသမဂ္ဂဝင်နိုင်ငံများတည်ငြိမ်ရေးကိုလည်းခြိမ်းခြောက်ရာရောက်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

 


အစိုးရအဖွဲ့အစည်းအဝေးကျင်းပရာ ဘာစီလိုနာမြို့ပါလီမန် အဆောက်အအုံရှေ့တွင် လူထောင် ပေါင်းများစွာစုရုံးကာ ကတ်တလန်အလံနှင့်တံခွန်များဝှေ့ယမ်းလွှင့်ထူကာ''ဒီမိုကရေစီ''ဟူ၍ ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်ဆိုရာယာ စိန့်ဒီစန်တာမာရီယာက ''ကတ်တလန်ခေါင်းဆောင်ကားလ်စ်ပျူဒေ မွန့်၏ ကြေညာချက်သည် ''အရိပ်သုံးပါးနားမလည်သူတစ်ဦး၏ ကြေညာချက်ဖြစ်ကြောင်း၊ ကိုယ် လျှောက်လှမ်းရမည့်လမ်းကိုစေ့ငုစွာသိရှိထားပုံမပေါ်ကြောင်း''ဝေ ဖန်ပြောဆိုလိုက်သည်။ ''ကတ်တာလန်လွတလပ်ရေးကြေညာခြင်းသည် စပိန်ပြိုကွဲရေးကိုဦးတည်နေ၍ မိမိအနေဖြင့်ကန့်ကွက်ပါကြောင်း'' ဘာစီလိုနာမြို့ခံဖြစ်သူ မာရီယာရို ဆာဘာထရန်က ပြောဆိုလိုက်သည်။ 

 

 

Ref:AFP

#democracytoday

Read 1357 times
Login to post comments