Thursday, 12 October 2017 13:18

မက္ကဆီကို ထောင်ဆူပူမှု အာဏာပိုင်များကြောင့် ထောင်သား ၁၃ ဦးသေဆုံး

Written by
Rate this item
(0 votes)

International Political

 

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၁


မက္ကဆီကိုထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့၏ ကြမ်းတမ်းစွာနှိမ်နင်းမှုကြောင့် ထောင်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို AFP သတင်းက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ မက္ကဆီကိုမြောက်ပိုင်း နူဗိုလီယွန်ပြည်နယ်ရှိ ကာဒေရေးတာ ထောင်၌ အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ အာဏာပိုင်များက နှိမ်နင်းခဲ့သည်။ သို့ရာတွင် နောက်ထပ် ထောင်သားများက ထောင်ကိုမီး ရှို့ခဲ့ရာ မီးလောင်မှုကြောင့် ထောင်သားတစ်ဦး သေဆုံးခဲ့သည်။

 


ထောင်သားများသည် အ စောင့်သုံးဦးကို ပြန်ပေးဆွဲခဲ့သည်။ ၎င်းတို့နှင့် ညှိနှိုင်းရန် လုံခြုံရေးတပ်များကို စေလွှတ်ခဲ့ကြောင်း နူဗိုလီယွန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် အယ်လ်ဒိုဖက်စီက ပြောခဲ့သည်။ အစောင့်များက ထောင်ထဲကိုဝင်ရောက်ရှင်းလင်းရာ ထောင်သားများကခဲများ၊ တုတ်များ၊ သံလုံးများဖြင့် ခုခံတိုက် ခိုက်ခဲ့သည်။ ထောင်သား ၂၅ဝ က တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ဖမ်းဆီးထားသည့် လုံခြုံရေး တပ်သားသုံးဦးကို ထောင်သားများကသတ်ဖြတ်လိုက်၍ လုံခြုံရေးတပ် က သေကျေနိုင်သည့် အင်အားသုံးကာ ဖြိုခွင်းခဲ့ရာ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖက်စီကဆိုသည်။

 

Ref;AFP

 

Read 1379 times
Login to post comments