Thursday, 12 October 2017 13:21

အိန္ဒိယပိုင် ကက်ရှ်မီးယား၌ အစိုးရနှင့် သူပုန်တို့ တိုက်ပွဲဖြစ်၊ လေးဦးသေဆုံး

Written by
Rate this item
(0 votes)

International Political

 

ဆရီနာဂါ၊ အောက်တိုဘာ ၁၁


အိန္ဒိယပိုင်ကက်ရှ်မီးယား ဒေသတွင် အောက်တိုဘာ ၁၁ ရက်က အစိုးရတပ်များနှင့်လက်နက် ကိုင်သူပုန်တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် အစိုးရလေကြောင်း ကွန်မန်ဒိုနှစ်ဦးနှင့်သူပုန်ဘက်မှ နှစ်ဦးတို့ကျဆုံးခဲ့ရသည်ဟု အိန္ဒိယစစ်တပ်ကသတင်းထုတ်ပြန်ကြေ ညာလိုက်သည်။ နိုင်ငံမြောက်ပိုင်း ဟေဂျင်းမြို့အနီး၌ အစိုးရကင်း လှည့်တပ်များနှင့် သူပုန်တပ်များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ''ပြီး ခဲ့တဲ့နှစ်ရက်တုန်းက တိုက်ပွဲတစ်ခုမှာ သူတို့ခေါင်းဆောင်ဂျေ့ရှ်အီး မိုဟာမက်ကျဆုံးသွားတာမို့ သူတို့ကအခဲမကြေဘဲ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့တယ်''ဟု ရဲအရာရှိတစ်ဦး ကအေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားလိုက်သည်။

 


သူပုန်တပ်ဖွဲ့များ၏ ခေါင်း ဆောင်မှာ ပါကစ္စတန်အစိုးရ ထောက်ပံ့ပေးထားသော ဦးစီးသော တပ်များဖြစ်သည်ဟု အိန္ဒိယအစိုးရ ကစွပ်စွဲပြောဆိုလိုက်သည်။ ယခုနှစ်အတွင်း ဟိမန္တာတောင် ခြေအငြင်းပွားကက်ရှ်မီးယားနယ် မြေအတွင်း နှစ်ဖက်တိုက်ခိုက်မှု ကြောင့် စစ်သွေးကြွ ၁၆ဝ ဦးနှင့် အိန္ဒိယစစ်သား ၅၉ ဦးတို့သေဆုံး ခဲ့ရပြီးဖြစ်သည်။ 

 

 

Ref:AFP

Read 1317 times
Login to post comments