Main menu
HOT NEWS
adv
မောင်တောတွင် မူးယစ်ဆေးဝါး ရှာဖွေရန် လာရောက်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသူ သေဆုံး

မောင်တောတွင် မူးယစ်ဆေးဝါး ရှာဖွေရန် လာရောက်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသူ သေဆုံး

မောင်တော၊ ဒီဇင်ဘာ ၂၀

မောင်တောမြို့နယ် ဒုချီးရားတန်း (အနောက်)ရွာတွင် မူးယစ်ဆေးဝါး တွေ့ရှိထားသည်ဟု သတင်းအရ သွားရောက်ရှာဖွေသည့် ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သူတစ်ဦးအား ပြန်လည် ပစ် ခတ်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မောင်တောမြို့နယ် ဂေါ်ဒူသာရတံတားတွင် လုံခြုံရေးတာဝန်ယူနေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ရက် နံနက် ၉ နာရီတွင် ဒုချီးရားတန်း(အနောက်)ရွာရှိ ဟာမတ်တူဆောင်း၏ နေအိမ်အား မူးယစ်ဆေးဝါး တွေ့ရှိကြောင်း၊ ဟာမတ်တူဆောင်း၏ သမက်ဖြစ်သူ၊ ဒုချီးရားတန်းကျေးရွာအုပ်စု တာဝန်ခံ ရှာအာလောင်၏ သတင်းပေးချက်အရ အသိသက်သေအဖြစ် ဒုချီးရားတန်းကျေးရွာအုပ်စု တာဝန်ခံ ရှာအာလောင်၊ ဒုချီးရားတန်း(အနောက်) ရပ်မိရပ်ဖ စွေယော့ဟာဆောင်းတို့နှင့်အတူ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ ရှာဖွေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟာမတ်တူဆောင်း၏ မိသားစုများကို အိမ်အပြင်ထွက်၍ နေစေပြီး နေအိမ်အတွင်း ရှာဖွေရန်အတွက် ဆောင်ရွက်စဉ် ဟာမတ်တူဆောင်း ဆိုသူက လုံခြုံရေးတပ် ဖွဲ့ဝင်တစ်ဦးကို အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားဦးချွန် ဓားမြှောင်ဖြင့် ပြေးထိုးရာ အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်၏ ညာလက်ဖျံတွင် နှစ်လက်မခန့် ပြတ်ရှသွေးထွက်ဒဏ်ရာရရှိပြီး မြေပြင်သို့လဲကျ သွားခဲ့ကြောင်း သိရ သည်။


ဟာမတ်တူဆောင်း ဆိုသူက ယင်းကဲ့သို့ ရဲတပ်ဖွဲ့ကို ဓားဖြင့်ထိုးပြီးနောက် ကျန်ရဲတပ်သားအချို့ကို ဆက်လက်ရန်ပြုရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်က ၎င်းကိုင်ဆောင်လာသည့် သေနတ်ဖြင့် ချိန်ရွယ်စဉ် ဟာမတ် တူဆောင်းမှ ထွက်ပြေးခဲ့သည့်အတွက် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ဟာမတ်တူဆောင်းသည် အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးခဲ့သည်။ ဟာမတ်တူဆောင်း၏ နေအိမ်မှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ်အား ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။                      

MOI

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191