HOT NEWS
Main menu
adv
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကြိုတင်ကာကွယ်ရေး အသုံးစရိတ် ရန်ပုံငွေ တိုင်းဒေသကြီး အစိုးရအဖွဲ့ ချပေးမည်

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကြိုတင်ကာကွယ်ရေး အသုံးစရိတ် ရန်ပုံငွေ တိုင်းဒေသကြီး အစိုးရအဖွဲ့ ချပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ `၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုရာတွင် ကုန်ကျမည့်ငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေချပေး မည်ဖြစ်ပြီး အဆိုပါငွေဖြင့်အထောက် အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြု ရေးညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့် ရပ်ရွာနေပြည်သူများပူးပေါင်း ဆောင်ရွက်သည့် ရပ်ရွာအခြေပြုရဲ လုပ်ငန်းစီမံချက် Community Based Policing ကို ၂ဝ၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် ကနဦးလေးမြို့နယ် ရွေးချယ်၍ဆောင်ရွက်ခဲ့ပြီး ရလဒ် ကောင်းများရရှိခြင်းကြောင့် ယနေ့ အချိန်ထိ မြို့နယ် ၂ဝ တို့တွင် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။


အဆိုပါစီမံချက်ဆောင်ရွက်နေသည့် မြို့နယ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထောက် အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြုရန် ရန်ပုံငွေချပေးမည်ဖြစ်သဖြင့် လုံခြုံရေးအတွက် ထိရောက်သော အထောက်အကူဖြစ်သည့် အရည်အသွေးကောင်းမွန်သော CCTV ကင်မရာများကို တပ်ဆင်အသုံးပြုပါက မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပါ အထောက်အကူပြုနိုင် ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက် ရောက်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများမှ အကြံပြုထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အစည်းအဝေးကို စီမံချက် ဆောင်ရွက်နေသော မြို့နယ် ၂ဝ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ဦးစီးအရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၁၁ဝ ခန့်တက်ရောက်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ထုတ်ပြန်ချက်အရ သိရသည်။ 

DT

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS