HOT NEWS
Main menu
adv
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်အရေးကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သင့် ဟုဆို

နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်အရေးကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သင့် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း စွပ်စွဲချက်နှင့်ပတ်သက်ပြီး အစိုးရနှင့်တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်း ဆောင်ရွက်နေသည့်အတွက် နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ လုပ်ဆောင်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က တိုက်တွန်းလိုက်သည်။

 

ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ် ပြန်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အ ရေးဆိုင်ရာမဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှု များကျူးလွန်နေသည့်အတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းဆောင်ရွက်သင့် ကြောင်း ပါဝင်သည့်အစီရင်ခံစာအ ပေါ် သေနင်္ဂမဟာဗျူဟာအဖွဲ့မှ ဖေဖော်ဝါရီ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးရုံး၏ အစီရင်ခံစာပါ အချက်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ရောက်ရှိနေသူများထံမှ ကောက်ယူထားခြင်းဖြစ်ပြီး တစ်ဖက်သတ်စွပ်စွဲချက်များပါရှိနေသည့်အတွက် လက်ခံနိုင်ရန်ခက်ခဲကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့သည်အစိုးရနှင့်တပ်မတော်အတွက် အထောက်အကူဖြစ်စေမည့်ကာကွယ် ရေးနှင့်လုံခြုံရေးဆိုင်ရာ အရပ်ဘက် သုတေသနအဖွဲ့အစည်းအဖြစ် ရည်ရွယ်ပြီး အရပ်သားလူငယ်ပညာရှင်များ၊ တပ်မတော်သား(အငြိမ်းစား) လူငယ်များနှင့်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။ 

HM

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS