HOT NEWS
Main menu
adv
မနောကွင်းတွင် ကချင်အမျိုးသား ညီလာခံအဖြစ် မပြုလုပ်ရန်  တားမြစ်ခဲ့သော်လည်း ခေါင်းစဉ် ပြောင်း ကျင်းပခွင့်ရ

မနောကွင်းတွင် ကချင်အမျိုးသား ညီလာခံအဖြစ် မပြုလုပ်ရန် တားမြစ်ခဲ့သော်လည်း ခေါင်းစဉ် ပြောင်း ကျင်းပခွင့်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကချင်အမျိုးသားညီလာခံကို မြစ်ကြီးနား စီတာပူမနောကွင်း၊ မဂျွယ်ခန်းမတွင် မပြုလုပ်ရန် ပြည်နယ်အစိုးရမှ တားမြစ်ခဲ့သော်လည်း ခေါင်းစဉ်ပြောင်း ပြီးကျင်းပရန်ခွင့်ပြုလိုက်ကြောင်း သိရသည်။ ကချင်အမျိုးသားညီလာခံပြု လုပ်မည့် မနောကွင်းကို နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှပိတ်ဆို့ထားသည့်အတွက် ကချင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီနှင့် ပြည်နယ်အစိုးရတို့တွေ့ဆုံဆွေးနွေးပြီး နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံအကြို ကချင်အမျိုးသားတွေ့ဆုံပွဲအမည်ဖြင့် ပြန်လည်ခွင့်ပြုလိုက်သည့်အတွက် ညနေ ၃ နာရီမှစတင်ကာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။


ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ''ကချင်အမျိုးသားညီလာခံဆိုတဲ့ ခေါင်းစဉ်ကိုခွင့်မပြုဘူး။ အပြန်အလှန်ဆွေးနွေးပြီးတော့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအကြို ကချင်အမျိုးသားများတွေ့ဆုံပွဲဆိုတဲ့ခေါင်းစဉ်ကို ပြောင်းသုံးပေးဖို့ ညှိနှိုင်းပြီးခွင့်ပြု ပေးလိုက်တယ်။ ညနေပိုင်းကစပြီး တော့ ကျင်းပခွင့်ရတဲ့အတွက် ကြောင့် အဖွင့်ဆုတောင်းပွဲလောက် ပဲလုပ်ဖြစ်တယ်။အများကြီးမဆွေး နွေးဖြစ်ဘူး။ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ၊ (၂၁)ရာစုပင်လုံဆိုတာ ဘယ်လိုစသဖြင့်ရှင်းပြတာလောက်ပဲလုပ်နိုင်တယ်''ဟုပြောသည်။ အစောပိုင်းက ညီလာခံကိုနှစ်ရက်ကြာပြုလုပ်ရန် စီစဉ်ထား သော်လည်း ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းမှသာကျင်းပခွင့်ရသည့် အတွက် ဆွေးနွေးမှုမပြီးပြတ်ပါက ရက်ထပ်မံတိုးမြှင့်ရန်အခြေအနေရှိကြောင်းသိရသည်။ ကချင်အမျိုးသားညီလာခံတွင် (၂၁)ရာစုပင်လုံညီလာခံတက်ရောက်မည့် လူထုကိုယ်စားပြုကိုယ်စားလှယ် ၁ဝဝ ရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးမည့်ကဏ္ဍများအတွက် အကြိုပြင်ဆင်ခြင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။ 

 

HM

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS