Main menu
HOT NEWS
adv
ယုံကြည်မှုပေးပါက ငြိမ်းချမ်းရေးအတွက်  ဆောင်ရွက်ပေးမည်ဟု ဦးအောင်မင်းပြော

ယုံကြည်မှုပေးပါက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမည်ဟု ဦးအောင်မင်းပြော

ရန်ကုန်

ယခုအစိုးရမှ ယုံကြည်စွာခိုင်းပါက ငြိမ်းချမ်းရေးအတွက် လုပ်ဆောင် ပေးမည်ဟု ယခင်သမ္မတရုံးဝန်ကြီးနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) ဥက္ကဋ္ဌ ဦးအောင်မင်းက ၂ဝ၁၇ ခုနှစ် မတ် ၁၆ရက်တွင် ပြောသည်။ ''ကျွန်တော့်ကို မကမ်းလှမ်း ပါဘူး။ ကျွန်တော် အပြင်ကပဲ ဝိုင်းလုပ် ပေးတာပဲဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ခိုင်း၊ ကျွန်တော် သစ္စာရှိရှိလုပ်မယ်။ ကျွန်တော်တစ်ဖက်သတ်မ ပြောဘူးနော်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ခိုင်း ကျွန်တော် သစ္စာရှိရှိ လုပ်ပေးမယ်။ မယုံမကြည်နဲ့တော့ လာမခိုင်းနဲ့''ဟု ၎င်းကပြောသည်။


ငြိမ်းချမ်းရေးဖြစ်စဉ်သည် လက်နက်ဖြင့် ဖြေရှင်း၍မရဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနှင့် လုပ်ဆောင်မှရမည်ဖြစ်ပြီး ယခုအစိုးရက တွေ့ဆုံဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နေသော်လည်း စနစ်အနေဖြင့် မှားယွင်းခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းခြင်း တိုးတက်မှုအဖြစ် ကြေညာချက်များ ထုတ်ပြန်မှုအား နည်းသည်ဟု ဦးအောင်မင်းက သုံးသပ် ပြောကြားသည်။ ''ဦးသိန်းစိန်တုန်းက ကျွန် တော့်ကို ဗီတိုအာဏာပေးထားတယ်။ ဥပမာ ငြိမ်းချမ်းရေးတစ်ခု လုပ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကိုယ့်ကိုပြောမယ်။ အဲဒီပြောတဲ့ဥစ္စာကို ကိုယ်က ချက်ချင်း အဖြေပေးနိုင်ရမယ်။ ကျွန်တော့်အထက်ကို တင်ပြရဦးမယ်ဆိုရင် ဒီလူတွေက ကျွန်တော့်ကို ယုံကြည်တော့မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော့်ကို ဗီတိုအာဏာပေးထားတာ''ဟု ၎င်းကဆိုသည်။


ထို့ကြောင့် ယခင်အစိုးရ လက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုးတက်သင့်သလောက် တိုးတက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးနိုင်ခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက်က MPC ကို ဖွဲ့စည်းခဲ့ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ(Peace Policy) ထားရှိခဲ့ကြောင်းသိရသည်။ မတ် ၁၆ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်ခဲ့သူ ဦးအောင်နိုင်ဦး၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သင်ခန်းစာများ စာအုပ်မိတ်ဆက်ပွဲသို့ ဦးအောင်မင်း တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။

 

ရန်နိုင်

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191