Main menu
HOT NEWS
adv
ဖက်ဒရယ် ထူထောင်မှုအပေါ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကွဲလွဲမှုများရှိနေဟု ဦးဒေါင်ခါးပြော

ဖက်ဒရယ် ထူထောင်မှုအပေါ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကွဲလွဲမှုများရှိနေဟု ဦးဒေါင်ခါးပြော

ရန်ကုန်

မြန်မာနိုင်ငံအား ဖက်ဒရယ်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးစားဆောင်ရွက်နေရာတွင် ဖက်ဒရယ်ထူထောင်မှုအပေါ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကွဲလွဲမှုများရှိနေသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးဒေါင်ခါးက ၂ဝ၁၇ ခုနှစ် မတ် ၁၆ ရက်ကပြောသည်။ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းနေကြပြီးနောက် ဖက်ဒရယ် နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက် ရန်ကြိုးစားမှုတွင် မျဉ်းပြိုင်သုံးကြောင်း ဖြစ်ကာ ဖက်ဒရယ်အဓိပ္ပာယ်အပေါ် ကွဲလွဲနေသည်ဟု ၎င်းကပြောသည်။


''တိုင်းရင်းသားအဖွဲ့တွေက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ တောင်းဆိုနေတယ်။ အစိုးရနဲ့ NLD က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုပြီး ပြောလာတယ်။ တပ်မတော်က ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ဖက်ဒရယ်ကိုသွားနေတယ်။ မျဉ်းပြိုင်ပုံစံ ဖြစ်နေတယ်။ နိုင်ငံရေး တောင်းဆိုမှုမှာ မျဉ်းသုံးကြောင်း ပြိုင်နေတယ်။ ဒီမိုကရေစီ ဖက်ဒရယ်နဲ့ ဖက်ဒရယ် ဒီမိုကရေစီက တူမလိုလိုနဲ့ မတူပါဘူး။ အစိုးရနဲ့ NLD  ပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ်က တရားဥပဒေစိုးမိုးရေးကို အခြေ ခံပြီးတော့ ပြောတာ။ တိုင်းရင်းသား တွေ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီက အားလုံးတန်းတူညီမျှ အခွင့်အရေးကို အခြေခံပြီး ပြောတာပါ''ဟု ဦးဒေါင်ခါးက ဆက်ပြောသည်။ KIO/KIA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အတွက် အစိုးရဘက်မှ လက်မှတ် ရေးထိုးလာရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အဆင်မပြေသေးကြောင်း သိရသည်။


ထို့ကြောင့် KIA သည် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်း ထားသော UNFC တွင် ဥက္ကဋ္ဌတာဝန်ကို ရယူထားကာ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်နေသော်လည်း ၂ဝ၁၇ ခုနှစ် ဖေ ဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သော ပန်ခမ်း(ပန်ဆန်း)အစည်းအဝေးသို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အစိုးရ၏ NCA အပေါ် သုံးသပ်ဆွေး နွေးမှုများ ပြုလုပ်ခဲ့သေးသည်။ KIA အနေဖြင့် UNFC နှင့် ဆက်လက်လက်တွဲမည်လား သို့မဟုတ် UWSA  ဦးဆောင်သော နိုင်ငံရေး ဆွေးနွေးမှုအဖွဲ့တွင် ပါဝင်သွားမည်လားဆိုခြင်းအပေါ် ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးပေ။ အစိုးရသည် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပေး၍တိုင်း ရင်းသားများ လိုချင်သော ဖက်ဒရယ်နိုင်ငံ ထူထောင်နိုင်ရေး ဆွေး နွေး အဖြေရှာလျက်ရှိသော်လည်း NCA တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ရှစ်ဖွဲ့သာရှိ ပြီး ၁၃ ဖွဲ့ ကျန်နေခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာ နေကြောင်း သိရသည်။

အိုက်စိုင်း

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616