HOT NEWS
Main menu

ငြိမ်းချမ်းရေး ကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမည်

ရန်ကုန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင်(Peace Commission)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

Read more...

ငြိမ်းချမ်းရေး ကော်မရှင်၏ ကြားဝင် ညှိနှိုင်းပေးမှုအရ မိုင်းလားဒေသတွင် ၀င်ရောက်နေသည့် "၀" တပ်ဖွဲ့ဝင် ၂၀၀ ပြန်လည် ထွက်ခွာသွားပြီ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၎

စစ်ရေးတင်းမာမှုဖြစ်နေသည့် အထူးဒေသ(၂) "၀" နှင့် အထူးဒေသ(၄)မိုင်းလားအဖွဲ့တို့အကြား ငြိမ်းချမ်းရေးကော်မရှင်၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မိုင်းလားဒေသတွင် ၀င်ရောက်နေသည့် "၀" တပ်ဖွဲ့ဝင် ၂၀၀ ပြန် လည်ထွက်ခွာသွားကြောင်း သိရသည်။ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံကာညှိနှိုင်းခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၂ ရက်တွင် "၀"တပ်ဖွဲ့ဝင် ၂၀၀ ခန့်ပြန်လည် ထွက်ခွာသွားကြောင်း ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ကပြောသည်။ ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ငြိမ်းချမ်းရေးကော်မရှင်၏ နိုဝင်ဘာ ၂၆ မှ ဒီဇင်ဘာ ၂ ရက်အထိ တရုတ်ပြည်ခရီးစဉ်နှင့်စပ်လျဉ်းပြီး ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS