M Bwe

M Bwe

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၉

တူရကီနိုင်ငံသမ္မတ ရီဆပ် တေယက်ဖ်အာဒိုဂန်သည် ဂျေရုဆ လင်မြို့တော်ကို အစ္စရေးမြို့တော် အဖြစ် အမေရိကန်ကအသိအမှတ် ပြုလိုက်ခြင်းအပေါ် အစ္စလာမ်မ္မစ်များအနေဖြင့် တုံ့ပြန်ရမည့်နည်း လမ်းများကို ရှာဖွေနေကြောင်း ဒီဇင်ဘာ ၉ ရက်သတင်းများအရ သိရှိရသည်။ 

ဂိုမာ(ကွန်ဂို)၊ ဒီဇင်ဘာ ၉-

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် တာဝန်ထမ်းဆောင် နေသူ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်း သိမ်းရေးတပ်သား အနည်းဆုံး ၁၅ ဦးသည် အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ယင်းသည်အဖွဲ့အစည်းအတွင်း လူအများအပြား အသတ်ခံရမှုဖြစ်စဉ်တစ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂအရာရှိများက ဒီဇင်ဘာ ၉ ရက်က သတင်းထုတ်ဖော်ပြောဆိုလိုက်သည်။

ဆိုးလ် ဒီဇင်ဘာ ၉

နာမည်ကျော်ကိုရီးယားအမျိုး သမီးအဆိုတော်အဖွဲ့  GFRIEND ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လက် မှတ်များမှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားကြောင်း သိရသည်။ အဆိုပါမိန်းကလေးအဖွဲ့သည် ဆိုးလ် မြို့၊ အိုလံပစ်ပန်းခြံရှိ အိုလံပစ် ခန်းမတွင်ကျင်းပမည့် ဖျော်ဖြေပွဲ လက်မှတ်များကို Melon အွန်လိုင်း အရောင်းစင်တာမှတစ်ဆင့် ရောင်း ချခဲ့ခြင်းဖြစ်သည်။ Fan Club  အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၆ ရက်တွင် အွန်လိုင်းလက်မှတ်များ ကိုဝယ်ယူခဲ့ကြပြီး ဒီဇင်ဘာ ၈ ရက်တွင် ပုံမှန်လက်မှတ်များကို ရောင်းချခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၉

ဟောလိဝုဒ်မင်း သမီးဂျက်ဆီကာ ခရစ်စတိန်းသည် ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းအကြောင်း ဝေဖန်ပြောဆိုခဲ့ပြီးနောက် စိတ်လျှော့ထားရန် အကြံပေးခံလိုက်ရသည်ဟုသိရသည်။ အသက် (၄ဝ) နှစ်အရွယ် မင်းသမီးသည် နှစ်ပေါင်း ၃ဝ အတွင်း အမျိုးသမီး ၈ဝ ကျော်ကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော ထုတ်လုပ်ရေးမှူး၏ မလျော်ကန်သောအပြုအမူများနှင့် ပတ်သက်၍ သတိပေးသောစာများ ကို ပြီးခဲ့သည့်အောက်တိုဘာလတွင်တွစ်တာ၌ တင်ခဲ့သည်။

ဟနွိုင်း၊ ဒီဇင်ဘာ ၉

ကွန်မြူနစ်ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဧဝံဂလိခရစ်ယာန် ဘာသာရေးအခမ်းအနားတစ်ခုအား ဘုန်းတော်ကြီး ဖရန်ကလင် ဂရေဟမ် ဦးစီး၍ ကျင်းပခဲ့ရာ အခမ်းအနားကျင်းပရာ အားကစားကွင်းကြီးအတွင်း ဗီယက်နမ်လူမျိုး ၁ဝဝဝဝ ကျော် ရုံပြည့်ရုံလျှံ ရှားရှားပါးပါးတက်ရောက်ခဲ့ကြသည်ဟု ဘုန်းတော်ကြီးဖရန်ကလင်ဂရေဟမ်က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ဒီဇင်ဘာ ၉ ရက်သတင်းများအရ သိရှိခဲ့ရသည်။

ယူနိုက်တက်နေးရှင်းစ်၊ ဒီဇင်ဘာ ၉

 

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ် ပြုသည့် အမေရိကန်သမ္မတဒေါ် နယ်ထရန့်၏ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက အရေးပေါ်အစည်းအ ဝေးတွင် ကန့်ကွက်ဝေဖန်ခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက် AP သတင်းကဆိုသည်။ ဗြိတိန်၊ ပြင်သစ်၊ ဆွီဒင်၊ အီတ လီနှင့် ဂျပန်တို့အပါအဝင် လုံခြုံရေး ကောင်စီတွင် အမေရိကန်၏အစဉ်အလာ မဟာမိတ်များဖြစ်ကြ သော နိုင်ငံများက ဒေါ်နယ်ထရန့် ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ကန့်ကွက်သည်။ ဂျေရုဆလင်မြို့ကို မည်သူပိုင်သင့်သည်ဆိုသောအချက်အား အစ္စရေးနှင့် ပါလက်စတိုင်းတို့ အပြီးသတ် ဆွေးနွေးညှိနှိုင်းပြီးမှ သာ ဆုံးဖြတ်သင့်သည်ဟု အားလုံးက ဆိုသည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၉

ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးလောင်ကျွမ်းလျက်ရှိရာ လော့စ်အိန်ဂျလိစ်မြို့အနီးဝန်းကျင် တောတောင်များအထိ လောင်ကျွမ်းခဲ့သည်။ ထို့ကြောင့် အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်က ကယ်လီဖိုးနီးယားပြည်နယ်ကို အ ရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ဆင်ဟွာသတင်းက ဒီဇင်ဘာ ၉ ရက်တွင် ဖော်ပြလိုက်သည်။

လော့စ်အင်ဂျလိစ် ဒီဇင်ဘာ ၉

မင်းသမီး နီကိုးလ်ကစ်မန်းသည် ၄င်း၏ ကလေးများက နယူးယောက်မြို့ရှိ ဘရော့ဒ်ဝေးတွင် 'Photograph 51' ကို ဖျော်ဖြေတင်ဆက်စေလိုခြင်း မရှိသည့်အတွက် ယင်းအခွင့်အရေးကို လက်လွှတ်လိုက် ကြောင်း သိရသည်။

ဆိုးလ်၊ ဒီဇင်ဘာ ၈

မင်းသားဟွန်ဘင်းနှင့် မင်းသမီးဂန်ဆိုရာတို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်တွင် ဂန်ဆိုရာ၏ အေဂျင်စီဖြစ်သည့် Plum Actors က ''ကျွန်တော်တို့ ဂန်ဆိုဟာနဲ့ ဆွေးနွေးပြီးပါပြီ။ သူနဲ့ ဟွန်ဘင်းတို့ဟာ အချစ်ဇာတ်လမ်းကို မကြာသေးခင်ကပဲ တစ်ခန်းရပ်လိုက်ကြပါပြီလို့ အတည်ပြုလိုက်ပါတယ်''ဟု ပြောကြားခဲ့သည်။

တိုကျို၊ ဒီဇင်ဘာ ၈

မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှု မြင့်မားလာခဲ့ရာ ဂျပန်က ဝေဟင်မှ မြေပြင်ပစ်တိုက်စစ်အသုံးပြုဒုံးပျံများကို ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။ ဂျပန်၏ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည့် ငြိမ်းချမ်းရေးဖွဲ့စည်းပုံနှင့်ပတ်သက်၍ အပြင်းအထန်ဆွေး နွေးခဲ့ကြသည်ဟု သိရသည်။

Page 2 of 41