M Bwe

M Bwe

ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၈

အာဂျင်တီးနားတရားသူကြီးတစ်ဦးသည် သမ္မတဟောင်း ကာချနာကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဒီဇင်ဘာ ၈ ရက် AFP သတင်းကဆိုသည်။ လူ ၈၅ ဦးသေဆုံးခဲ့ ရသော ၁၉၉၄ ခုနှစ် ဗျူနိုအေရိ မြို့ ဂျူးစင်တာဗုံးခွဲမှုတွင် အီရန်အစိုးရ၏ ပါဝင်ပတ်သက်မှုကို ဖုံးဖိပေးခဲ့သည်ဟုဆိုကာ ဖမ်းဝရမ်းအထုတ်ခံရခြင်းဖြစ်သည်။

စတော့ဟုမ်း၊ ဒီဇင်ဘာ ၈ 

လာမည့် ဒီဇင်ဘာ ၁ဝ ရက်တွင် ကျင်းပမည့် နိုဘယ်ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးတစ်ဦးမျှ ဆုလက်ခံရရှိမည်မဟုတ်ကြောင်း AFP သတင်းကဆိုသည်။ နိုဘယ်ဆုများအားလုံးကို အမျိုးသားများကသာ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခြင်းဖြစ်သည်။ နိုဘယ်ဆု စတင်ချီးမြှင့်သည့် ၁၉ဝ၁ ခုနှစ်မှ ၁၉၂ဝ ပြည့်နှစ်အတွင်း အမျိုးသမီးလေးဦးသာ ဆုချီးမြှင့်ခံရသည်။ ၂ဝဝ၁ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်းတွင်မူ အမျိုးသမီး ၁၉ ဦး ဆုချီးမြှင့် ခံရသည်။ အဖွဲ့အစည်းများကို ထည့်သွင်းမရေတွက်ပါက ချီးမြှင့်ပြီးသမျှ နိုဘယ်ဆု ၈၉၆ ဆုအနက် ငါးရာခိုင်နှုန်းဖြစ်သော ၄၈ ဆုကိုသာ အမျိုးသမီးများ ချီးမြှင့်ခံရခြင်းဖြစ်သည်။

အလမ်ပူဂွန်ပူရ၊ ဒီဇင်ဘာ ၇ 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်မှ လက်လုပ်လက်စား ဆင်းရဲသားများသည် နေ့စားအလုပ်မရရှိသော နေ့များတွင် ကြွက်များကိုဖမ်းပြီး ကင်စားကာ အသက်ဆက်နေရသည်ဟု ဒီဇင်ဘာ ၇ ရက် AFP သတင်းကဆိုသည်။  ဘီဟာပြည်နယ်တွင် ''ကြွက်သားစားသူများ''ဟု အခေါ် ခံရသော မူဆဟာမျိုးနွယ် နှစ်သန်းခွဲခန့်ရှိသည်။ ဇာတ်နိမ့်များ ဖြစ်သော ဒါလစ်များက ၎င်းတို့ကို အထင်သေး ရွံရှာကြသည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အငြင်းပွားမြို့ တော် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်က အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ထရန့်၏ ယင်းကြေ ညာချက်ကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှု၊ အကြမ်း ဖက်တိုက်ခိုက်မှုများ တိုးမြင့်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ပါလက်စတိုင်းနှင့် အစ္စရေး နှစ်နိုင်ငံစလုံးကပင် မိမိတို့ပိုင် ဘာသာရေးအထွတ်အမြတ်မြို့အဖြစ် သတ်မှတ်တောင်းဆို အငြင်းပွားနေပြီး အမေရိကန် အစိုးရအဆက်ဆက်က နှစ်ပေါင်း ၇ဝ ခန့်ကြာအောင် လက်ရှောင်နေမှုများကို သမ္မတဒေါ်နယ် ထရန့်က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအားဖြေရှင်းနိုင်ရန် အမေရိကန် သမ္မတက ချဉ်းကပ်မှုအသစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

ကမ္ဘောဒီးယားအစိုးရက ဒီမိုကရေစီကိုပျက်ပြားစေသဖြင့် အ မေရိကန်နိုင်ငံသို့ ကမ္ဘောဒီးယား များဝင်ရောက်ခွင့်ကို တားမြစ်လိုက် ကြောင်း၊ ထို့အပြင် အတိုက်အခံများအား နှိမ်နင်းမှုများကိုလည်း ရပ်ဆိုင်းရန် အမေရိကန်အစိုးရက တောင်းဆိုလိုက်သည်။ ကမ္ဘောဒီးယားတရားရုံးချုပ် အား သဘောထားတင်းမာသူ ဝန်ကြီးချုပ်ဟွန်ဆန်ကထိန်းချုပ်ထား ကြောင်း၊ အတိုက်အခံကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါ တီ(CNRP)ကို ယခင်လက တရားမဝင်ဟု ကြေညာခဲ့ပြီး ပါတီဝင် ၁ဝဝ ကျော်ကိုလည်း နိုင်ငံရေး လုပ်ခွင့်မှတားမြစ်ခဲ့ကြောင်း၊ ထို့အပြင် CNRP ပါတီအား အစိုးရကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုဖြင့် စွပ်စွဲထားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ညစ်ပတ်စုတ်ချာသောဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့သည် လူသစ်များစုဆောင်းနေပြီး မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ဒီဇင်ဘာ ၇ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နိုင်ငံ တော်အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူးချုပ်က အကြမ်းဖက်အဖွဲ့အနေဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေးကိစ္စကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ၾသစေၾတးလ်၊ ဒီဇင္ဘာ ၆

သြစတေးလျမင်းသား ဟုခ်ျဂျက်ခ်မန်းက ဂျိမ်းစ်ဘွန်းအဖြစ် ရိုက်ကူးရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ အသက်(၄၉)နှစ်အရွယ် မင်းသား ဟုခ်ျဂျက်ခ်မန်းကို အထူးလျှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအနေဖြင့် မင်းသားကြီးပီးယာ့စ်ဘရော့စနန်နေရာတွင် အစားထိုးရန် ကမ်းလှမ်းခံခဲ့ရသော်လည်း ဇာတ်ညွှန်းမှာ စိတ်ဝင်စားဖွယ်ရာမရှိသောကြောင့် လက်ရှိမင်းသား ဒန်နီယယ်ကရေ့ဂ်ျထံ ယင်းဇာတ်ရုပ်ကို လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုးလ်၊ ဒီဇင်ဘာ ၆ 

အဆိုတော်၊ မင်းသား ဆောအင်ဂုနှင့် မင်းသမီးပတ်ဘိုရမ်တို့ မေတ္တာမျှနေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။ ''Superstar K" အစီအစဉ်မှ ပြိုင်ပွဲဝင်နှစ်ဦးဖြစ်ခဲ့ဖူးသည့် ၎င်းတို့နှစ်ဦးမှာ အသက်ခုနစ်နှစ်ကွာခြားသည်ဟုသိရသည်။ ဒီဇင်ဘာ ၆ ရက်တွင် TV Report ၏အဆိုအရ ၎င်းတို့သည် ဆောအင်ဂုနှင့် ပတ်ဘိုရမ်တို့ ချိန်းတွေ့ နေကြသည်ကို မြင်တွေ့ခဲ့ရသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၆

အဆိုတော် ဟီလာရီဒက်ဖ်သည် ဆယ်လီနာဂိုးမက်ဇ်နှင့် ဂျက်စတင်ဘီဘာ စုံတွဲကဲ့သို့ပင် ရည်းစား ဟောင်း မက်သရူးကိုမာနှင့် အချစ်ဇာတ်လမ်းကို ပြန်ပေါင်းထုပ်တော့မည်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်မတ်လတွင် လမ်းခွဲခဲ့ကြသော်လည်း အသစ်တဖန်အချစ်ရေးကို ပြန်လည်စတင်နေကြခြင်းလည်း ဖြစ်သည်။ 'The Talk' အစီအစဉ်တွင် ဟီလာရီက ''ကျွန်မတို့ ချိန်းတွေ့တာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အချိန်ဆိုတာ အပေးအယူကြီးတစ်ခုပါပဲ၊ တတိယအကြိမ်မြောက်မှာတော့ ဆွဲဆောင်မှု တော်တော်ရှိပါတယ်။ အတိတ်တုန်းက တစ် ယောက်ယောက်နဲ့ချစ်ခဲ့ပြီး အချစ်သမိုင်းဟောင်းတွေရှိခဲ့ပေမယ့် ပထမနဲ့ ဒုတိယအကြိမ်တွေမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ထိခိုက်နာကျင်မှု တော်တော်များများရှိခဲ့ပေမယ့်လည်းထပ်ပြီးတော့ အလုပ်ဖြစ်နေနိုင်ပါသေးတယ်'' ဟု ပြောကြားခဲ့သည်။

လန်ဒန်

အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၅ဝ အတွင်း ကြက်သွေးရောင်အင်ပျဉ်ထသော ကူးစက်အဖျားရောဂါမှာ အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်တွင် ကူးစက်အဖျားရောဂါ ဖြစ်ပွားသူပေါင်း ၁၇ဝဝဝ ကျော် ရှိခဲ့သည်ဟု Lancet  သုတေသနပြုမှုတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Page 3 of 41