M Bwe

M Bwe

မြန်မာနိုင်ငံသို့ ကြွရောက်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နိုဝင်ဘာ(၂၈)ရက်နေ့က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် သံတမန်အမှုထမ်းများအားပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကိုဖော်ပြပါသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
လေးစားရပါသော အစိုးရအဖွဲ့ဝင်များ
ရဟန်းအမတ်နှင့် ညီအစ်ကိုဆရာတော်များ
ဂုဏ်သရေရှိ သံတမန်အဖွဲ့ဝင်များ
ဧည့်သည်တော်များခင်ဗျာ......


မြန်မာနိုင်ငံသို့ကြွရောက်လာရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ လှိုက်လှဲပျူငှာသော စကားပြောကြားခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်း ကျေးဇူးတင်ပါသည်။ ဤခရီးစဉ်ဖြစ်မြောက်ရေးအတွက် စွမ်းစွမ်းတမံစီစဉ်ဆောင်ရွက်ပေးသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါသည်။ လူနည်းစု ဖြစ်သော်လည်း စိတ်အားထက်သန်သည့် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့်အတူဆုတောင်းရန် သူတို့၏ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသည် သူတို့၏ကြိုးစားအားထုတ်မှုကို ခွန်အား ဖြည့်ပေးရန် ကျွန်ုပ်ရည်ရွယ်၍ လာရောက်ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဗာတီကန်တို့အကြား တရားဝင်သံတမန်ဆက်သွယ် ရေးထူထောင်ပြီးများမကြာမီ လာရောက်ခွင့်ရတဲ့အတွက်လည်း အလွန်ပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ တိုင်းပြည်၏ အခြေခံအဆောက်အအုံကိုပြန်လည်ဆန်းသစ်ရန် အားစိုက်ထုတ်နေရသော် ငြားလည်း ဤကဲ့သို့သံတမန်ထူထောင်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းထဲတွင် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန်မြန်မာနိုင်ငံ၏ ခိုင်မာသောစိတ်အားထက်သန်မှုကိုပြသနေသည့်သင်္ကေတအဖြစ် ကျွန်ုပ်မှတ်ယူလိုပါသည်။

ဂျကာတာ၊ နိုဝင်ဘာ ၂၈

 

အင်ဒိုနီးရှားတွင် နိုဝင်ဘာ ၂၈ ရက်က လူခုနစ်ဦးမှာ ၎င်းတို့ လက်ကိုအက်စစ်လောင်၍ ဆေးရုံသို့ရောက်လာခဲ့ကြောင်း၊ ၎င်းတို့သည် မှော်ဆရာဟုဆိုသူတစ်ဦးက ၎င်းတို့ခန္ဓာကိုယ်အနာတရမဖြစ် စေရဟုအာမခံကာ လုပ်ဆောင်ခဲ့ကြသည်ဟုဆိုသည်။ ထူးဆန်းသောအဆိုပါပုဂ္ဂိုလ်မှာ ဒီဒီဆိုသူဖြစ်ပြီး ၎င်းမှာ ဤ ကျေးရွာသို့ လပေါင်းအတော်ကြာကတည်းက ပြောင်းရွှေ့လာခဲ့ ကြောင်း၊ ၎င်းက သူသည် ရိုးရာ မှော်ဆရာတစ်ဦးဖြစ်သည်ဟုပြော ကြားခဲ့ကြောင်း၊ ၎င်းက လူတစ်ဦးကို ဒဏ်ရာအနာတရဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ်ဒဏ်ရာမရစေရကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈

 

ဆိုမာလီယာမြောက်ပိုင်းတွင် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူကပြောကြားလိုက်သည်။ အမေရိကန်၏ အာဖရိကစစ်ဌာနချုပ် (AFRICOM) ကပြောကြားရာတွင် အမေရိကန်က ဤလေကြောင်းတိုက်ခိုက်မှုကို ဆိုမာလီအစိုးရနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဆိုမာလီမြောက်ပိုင်းရှိ ISIS တို့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း AFRICOM က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၈

 

အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ်သည် စစ်အေးခေတ်နျူ ကလီးယားတိုက်ခိုက်ခံရပါက လေကြောင်းရန် သတိပေးတပ်လှန့် မှုလေ့ကျင့်ခြင်းများကို နှစ်ပေါင်း ၃ဝ ကြာရပ်ဆိုင်းထားရာမှ ပြည် နယ်တစ်ခုလုံး လစဉ်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအရာရှိ များက နိုဝင်ဘာ ၂၇ ရက်က ပြော ဆိုလိုက်သည်။ ယင်းသည် မြောက် ကိုရီးယားမှ ဒုံးပျံများပစ်လွှတ်မည် ဟု ခြိမ်းခြောက်မှုများမြင့်တက်လာ နေ၍ဖြစ်ကြောင်းလည်း နိုဝင်ဘာ ၂၈ ရက် သတင်းများအရ သိရသည်။

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၇

အမေရိကန် ကျေးလက်ဂီတအဆိုတော် ကိတ်အာဘန်သည် ဇနီးသည် နီကိုးကစ်ဒ်မင်းအတွက် နယူးယောက်မြို့ရှိ ယခင်က မိုက်ကယ်ဂျက်ဆင်ပိုင်ဆိုင်ခဲ့ဖူးသော အိပ်ခန်း ခုနစ်ခန်းပါ အိမ်တစ်ခုကို ဒေါ်လာ ၅၂ သန်းဖြင့် ဝယ်ယူခဲ့ပြီး ဘရော့ဒ်ဝေးတွင် ဖျော်ဖြေပွဲများ တင်ဆက်ရလေ့ရှိသည့် ဇနီးဖြစ်သူ၏ အိပ်မက်များကို ဖြည့်ဆည်းပေးလိုက်ကြောင်းသိရသည်။

ဂျာကာတာ နိုဝင်ဘာ ၂၈
 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ Agung မီးတောင်ပေါက်ကွဲနေရာမှ မီးတောင်ပြာများ ထွက်ပေါ်နေသည့် အတွက် ယင်းကျွန်းပေါ်ရှိ I Gusti Ngurah Rai နိုင်ငံတကာလေဆိပ်ကို နောက်ထပ် ၂၄ နာရီ ထပ်မံပိတ်ထားလိုက်ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ သည်။

နေပြည်တော် နိုဝင်ဘာ ၂၇

 

အေဒီ ၉ ရာစုနှင့် ၁၀ ရာစု ကြားကာလ ရှေးဟောင်း ရွှေထည်ဝတ္ထုပစ္စည်းများ အပ်နှံသူများအား ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့် သည့် အခမ်းအနားကို ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပသည်။

လွိုင်ကော် နိုဝင်ဘာ ၂၇

 

ကယားပြည်နယ် ရှားတောမြို့အနီးတွင်တည်ရှိသော ရှားတောရေပူစမ်းသည် ရှားတောမြို့နယ် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ အပန်းဖြေနားနေ စရာနေရာ ဒေသတစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး ဆောင်းရာသီကာလများ၌ အဆိုပါ ရေပူစမ်းသို့ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေနားနေလိုသူများ လာရောက်လျက်ရှိကြ ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇

 

သိန္နီမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၃၆,၀၀၀)ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇

 

မိုးညှင်းမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၁၉၀)အိတ် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

Page 8 of 41