M Bwe

M Bwe

နေပြည်တော်၊ နိုဝင်ဘာ ၂၇

 

“ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတဲ့နည်းဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေကဆိုလို့ရှိရင် စစ်မြေပြင်မှာ လိုအပ်တာက ရုပ်ပိုင်းဆိုင်ရာ သတ္တိပဲဆိုတာ အားလုံးသိကြပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ် အစည်းအဝေးတွေမှာ လိုအပ်တာက တော့ စိတ်ပိုင်းဆိုင်ရာ သတ္တိပဲဖြစ်ပါတယ်။ တိုတိုပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာသတ္တိဆိုတာ ရန်သူကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စိတ်ပိုင်းဆိုင်ရာ သတ္တိဆိုတာ ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင်ရဲတဲ့ သတ္တိပဲဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့မှန်ကန်တဲ့ အဖြေတွေကိုရှာရဲတဲ့ သတ္တိရှိရပါမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့  ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈

 

ဘယ်လ်ဂျီယံနိုင်ငံ ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများစွာသည် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelz မြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ရထားဖြင့် တိုက်မိခဲ့ပြီး ယင်းမတော်တဆမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကာ တစ်ဦးပျောက်ဆုံးနေပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လန်ဒန် ၊ နိုဝင်ဘာ ၂၈

 

ဗြိတိန်မင်းသား ဟယ်ရီ(Harry) နှင့် ၄င်း၏ချစ်သူ မက်ဟန်မာကဲလ်(Meghan Markle) တို့ နှစ်ဦးသည် နိုဝင်ဘာလ အစောပိုင်းက လန်ဒန်မြို့ တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ကြောင်း ဗြိတိသျှတော်ဝင်မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါကြေညာချက်ကို ဝေလမင်းသား နှင့် Cornwall မြို့ စားကြီး၏ ရုံးတော်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကို လာမည့်နှစ် နွေဦးရာသီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် မင်္ဂလာရက်မြတ် အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၇

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန် ယနေ့ ပြုလုပ်သော ၆ ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

International Political

 

ဟရာရီ၊ နိုဝင်ဘာ ၂၅


ရောဘတ်မူဂါဘီကို သမ္မတ ရာထူးမှပြုတ်ကျစေခဲ့သော စစ်တပ်၏တိုင်းပြည်ကိုထိန်းချုပ်ခဲ့မှုလုပ်ရပ်မှာ တရားဝင်သည်ဟု ဇင်ဘာဘွေ တရားရုံးချုပ်တစ်ခုက နိုဝင်ဘာ ၂၅ ရက်တွင်စီရင်ချက်ချခဲ့ရာ အစိုးရသစ်လက်ထက်တွင် တရားရေးဌာန၏လွတ်လပ်မှုအပေါ် စိုးရိမ်မှုများ ပေါ်ပေါက်လာစေခဲ့သည်။ စစ်တပ်အကြီးအကဲများသည် မြို့တော်ဟရာရီရှိလမ်းများတွင် စစ်ကားများနေရာချထားပြီး မူဂါဘီ(၉၃)နှစ်ကို နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ထို့ကြောင့် မူဂါဘီသည် ရာထူးမှဆင်းပေးခဲ့ရသည်။

ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

 

အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ပါလက်စတိုင်း(ပီအယ်လ်အို) ရုံးကိုဖွင့်ထားမည်ဖြစ်ပြီး မကြာမီလုပ်ငန်းများအပြည့်အဝဆောင်ရွက်နိုင် တော့မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

Time မဂ္ဂဇင်း၏ Person of the year  ဆုရွေးချယ်ခံရမည့် အခွင့်အရေးကို မိမိငြင်းပယ်ခဲ့သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားကြောင်း နိုဝင်ဘာ ၂၅ ရက် AFP သတင်းကဆိုသည်။ Time  မဂ္ဂဇင်းကမူ ထရန့်၏ပြောကြားချက် မမှန်ကန်ကြောင်း ငြင်းဆိုသည်။ Person of the year ဆုချီး မြှင့်ခံရဖွယ်ရှိသည်ဟုဆိုပြီး Time  မဂ္ဂဇင်းက အင်တာဗျူးရန်နှင့်ဓာတ်ပုံရိုက်ရန် မိမိကိုတောင်းဆိုခဲ့ ကြောင်း၊ သို့သော်မိမိဆုရကြောင်း မသေချာသေးသည်ကိုမနှစ်သက် ကြောင်းပြောကာ ငြင်းပယ်ခဲ့ ကြောင်း ဒေါ်နယ်ထရန့်ကတွစ်တာတွင်ရေးသားသည်။

ကုတ်ဇာကိုးလ်ကို့စ်၊ နိုဝင်ဘာ ၂၅ 

 

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ရာဇဝတ်မှုထူပြောသော ဗီရာခရုဇ် ပြည်နယ်တွင် မြို့တော်ဝန်တစ်ဦး အသတ်ခံခဲ့ရကြောင်း နိုဝင်ဘာ ၂၅ ရက် AFP သတင်းကဆိုသည်။ ထိုပြည်နယ်မှာပင် လွန်ခဲ့သောလေးရက်ကလည်း ရွေးကောက်ခံ မြို့ တော်ဝန်တစ်ဦး အသတ်ခံခဲ့ရသည်။  မြို့တော်မက္ကဆီကိုစီးတီး၏ အရှေ့မြောက်ဘက် ၁၆၈ မိုင်ခန့်အကွာ Ixhuatlan de Madero  မြို့၏ မြို့တော်ဝန် Espinoza သည် ဇနီးဖြစ်သူအပါအဝင် အခြားသူ လေးဦးနှင့်အတူ အသတ်ခံခဲ့ရ ကြောင်း ပြည်နယ်အစိုးရရှေ့နေ့ရုံးက သတင်းထုတ်ပြန်သည်။

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၂၅


အဆိုတော် ဆလီနာဂိုးမက်ဇ်သည် Billboard ၏ တစ်နှစ်တာအတွက်အမျိုးသမီးဆုကို ရရှိခဲ့ပြီး လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ဆုပေးပွဲတစ်ခု၌ ဂုဏ်ပြုခံရမည်ဖြစ်ကြောင်းသိရသည်။ အဆိုတော်နှင့် သရုပ်ဆောင်ဆလီနာ၏ ယခုနှစ်အတွက်ဆုရရှိမှုကို ပြီးခဲ့သည့်လတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ဝ ရက်တွင် ပြုလုပ်မည့် Women in Music ပွဲတွင် ဂုဏ်ပြုမည်ဖြစ်သည်။

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၂၅


အဆိုတော် မရိုင်ယာကာရေးသည် ၄င်း၏ 'All I Want For Christmas Is you World Tour' အမည်ရှိ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ၃ ခုကို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် အချိန်ပိုမိုအနားယူရန် အတွက်ဟုဆိုကာ ဖျက်သိမ်းလိုက်ကြောင်းသိရသည်။ အသက် ၄၈ နှစ်အရွယ် အဆိုတော် မရိုင်ယာသည် ယင်းရောဂါကြောင့် မကြာမီပြုလုပ်မည့် ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာထားပြီး ဆရာဝန်များက ရက်အနည်းငယ် ပိုမိုအနားယူရန်လိုအပ်သည်ဟု အကြံပေးသည့်အတွက် ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းလိုက်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြု ကြေညာလိုက်ခြင်း ဖြစ်သည်။

Page 9 of 41