Main menu
HOT NEWS
adv

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအဆိုပြုတင်သွင်းထားသည့် တိုင်းဒေသကြီးဝန်ကြီးခုနစ်ဦးတွင် ပြင်ပတတ်သိပညာရှင်နှစ်ဦးပါဝင်

မန္တလေး၊ ဧပြီ ၎

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(နဝမ)ကို ဧပြီ ၄ ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက် တာဇော်မြင့် မောင်က တိုင်းဒေသကြီးဝန်ကြီးခုနစ်ဦး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ကို လွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့ပြီး တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူညီခဲ့ကြကြောင်းသိရသည်။

Read more...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးဌာန ခြောက်ခုဖြင့်ဖွဲ့စည်း၊ ပြင်ပပညာရှင် လေးဦးပါဝင်

ရန်ကုန်၊ ဧပြီ ၎

ဧပြီ ၄ ရက်တွင် ဖွဲ့စည်းလိုက်သော ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့တွင် ပြင်ပပညာရှင် လေးဦးပါဝင်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဝန်ကြီးဌာနခြောက်ခုဖြင့် ဖွဲ့ စည်းခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံကိုယ် စားလှယ်တစ်ဦးနှင့် ပြင်ပပညာရှင် လေးဦးတို့အား သက်ဆိုင်ရာဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

Read more...

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ မြန်မာနိုင်ငံသို့ လာရောက်မည်


ရန်ကုန်၊ ဧပြီ ၎

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ယီသည်  မြန်မာနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။

Read more...

အမြစ်တွယ်နေသော အဂတိလိုက်စားမှု အချိန်တိုအတွင်း ပပျောက်ရန် လက်ဆောင်ပစ္စည်းလက်ခံခြင်းဆိုင်ရာလမ်းညွှန်ချက် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၎

အဂတိလိုက်စားမှု အလေ့အထကို အချိန်တိုအတွင်း လုံးဝပပျောက်စေရန်အတွက် ''လက် ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့်လမ်းညွှန်ချက်''ကို နိုင်ငံ တော်သမ္မတရုံး၊ ပြည်ထောင် စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်သည်။

Read more...

ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူထားသည့် ဝန်ကြီးဌာနနှစ်ခုအတွက် ပြည်ထောင်စုဝန်ကြီးနှစ်ဦး ထပ်မံခန့်အပ်မည်၊ ပညာရေးဝန်ကြီးဌာနအတွက် ဒေါက်တာဦးမျိုးသိမ်းကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ဦးဖေဇင်ထွန်းတို့ကို လျာထားဟု ဦးဝင်းထိန်ပြော

ရန်ကုန်၊ ဧပြီ ၃

လက်ရှိအစိုးရသစ်တွင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူထားသည့် ဝန်ကြီးဌာနလေးခုမှ ပညာရေးဝန်ကြီးဌာနနှင့် လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှစ်ခုတို့ကို တာဝန်ယူရန် ပြည်ထောင်စု ဝန်ကြီးနှစ်ဦးကိုထပ်မံခန့်အပ်ရန်စီစဉ်ထား ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဦးမျိုးသိမ်းကြီးနှင့် လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်းတို့ကို တာဝန် ပေးအပ်ရန်စီစဉ်ထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616